ဗီယက်နမ်နိုင်ငံ ကွမ်နမ်ပြည်နယ်ကို အောက်တိုဘာလ ၂၈ ရက်က တိုက်ဖွန်း မိုလေ့ ဝင်ရောက်ခဲ့တာကြောင့် လူ ၁၉ ယောက်ထက်မနည်း သေဆုံးပြီး ၄၈ ယောက် ပျောက်ဆုံးနေပါတယ်။
မုန်တိုင်းအရှိန်နဲ့ မိုးကြီး မြေပြိုတာတွေ ဖြစ်ခဲ့ပြီး ဗီယက်နမ် အစိုးရဟာ အသက်ရှင်သူတွေကို ရှာဖွေဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရာချီနဲ့ ယန္တရားကြီးတွေကို စေလွှတ်ခဲ့ပါတယ်။
တိုက်ဖွန်းမို;လေကြောင့် နေအိမ် ၅၆,၀၀၀ ထိခိုက်ခဲ့ပြီး သန်းချီပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
ဒါ့အပြင် မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာလ ၃၁ ရက်အထိ မိုးကြိးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဗီယက်မန် ပြည်သူ တစ်သန်းကျော်ဟာ မုန်တိုင်းဒဏ်တွေကို သီတင်းပတ်ချီ ခံစားနေရပါတယ်။
မုန်တိုင်းကြောင့် မိုးကြီးပြီး ဗီယက်နမ်အလယ်ပိုင်းမှာ နှစ်များစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှု ကြုံတွေ့နေပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့တွေဟာလည်း အကန့်အသတ်များစွာနဲ့ လုပ်ကိုင်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago