မုန်တိုင်းကြောင့် ရီးရဲလ်နှင့် ဆဲလ်တာဗီဂိုပွဲစဉ် ရွှေ့ဆိုင်း

February 6, 2017

မုန်တိုင်းကြောင့် ရီးရဲလ်နှင့် ဆဲလ်တာဗီဂိုပွဲစဉ် ရွှေ့ဆိုင်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ညက ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဆဲလ်တာဗီဂိုအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်ကို မုန်တိုင်းကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒီပွဲကို လက်ခံကျင်းပမယ့် ဗီဂိုမြို့တော်ကောင်စီကနေ မုန်တိုင်းကြောင့် လုံခြုံမှုမရှိလို့ဆိုပြီး ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ဆဲလ်တာဗီဂိုအသင်းရဲ့ ဘောလုံးကွင်းလည်း ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆဲလ်တာဗီဂိုအသင်းက အိမ်ကွင်းမှာ ရီးရဲလ်ကို လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ဒီပွဲစဉ်ကို ဘယ်ရက်မှာ ပြန်ကစားမလဲ ဆိုတာကိုတော့ သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။ ရီးရဲလ်အသင်းဟာ လောလောဆယ် စပိန်လာလီဂါရဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ဆဲလ်တာဗီဂိုက အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up