မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ဟု မိုးဇလထုတ်ပြန်

December 8, 2016

မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ဟု မိုးဇလထုတ်ပြန်

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ၂၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ဒါကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့  ကြိုတင်သတိပြုဖို့ အကြံပြုထားပါတယ်။ ဒီ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
5 years Ago
Up