မုန်တိုင်းငယ်

June 28, 2019

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇူလိုင် ပထမ ၁၀ ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်မှာ ဖော်ပြထားတာဖြစ်ပြီး ပြည်နယ်နဲ့တိုင်းတချို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ မိုးရွာသွန်းမှုအခြေအနေမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်း၊ ကယား၊ ကရင်နဲ့ မွန် ပြည်နယ်တို့မှာရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဇူလိုင် ၇ ရက်မှ ၉ ရက်ခန့်နဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ ၄ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
2 years Ago

April 27, 2019

မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိ၊ ၂၄ နာရီအတွင်း ပိုအားကောင်းလာမည်

မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာခဲ့ပြီး ဆိုင်ကလုန်း မုန်တိုင်း "ဖန်နီ" (FANI) အဖြစ်ကို ရောက်ရှိခဲ့ပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် ၆၇၅ မိုင်ခန့်၊ မာချီလီပတ္တ နမ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၇၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည် ရွေ့လျားမယ့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၄၀ နှုန်း ဖြစ်ပါတယ်။ နောက် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago
More News
Up