မုန်တိုင်းက အိမ်လေးကို ဖျက်ဆီးသယ်မသွားပေမယ့် ထိုင်လျက်ကျန်ခဲ့သည့် လုံခြုံရေး (ရုပ်သံ)

October 23, 2016

မုန်တိုင်းက အိမ်လေးကို ဖျက်ဆီးသယ်ဆောင်သွားပေမယ့် ထိုင်လျက်ကျန်ခဲ့သည့် လုံခြုံရေး (ရုပ်သံ)

တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင်၊ ကားရပ်နားရာဝန်းထဲက ကားပါကင်စောင့်ရဲ့ အစောင့်လုံခြုံရေးအိမ်လေးကို အောက်တိုဘာလ ၂၁ ရက်နေ့က တိုင်ဖွန်းမုန်တိုင်းက တိုက်ခတ်ဖျက်ဆီးသယ်ဆောင်သွားခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ တိုင်ဖွန်းမုန်တိုင်းက အစောင့်အိမ်လေးကို တိုက်ခတ်သယ်မသွားပေမယ့် ကားပါကင်စောင့်ဟာ လုံခြုံရေးအိမ်လေးရဲ့ကြမ်းပြင်ပေါ်မှာ ထိုင်လျက်နဲ့ ထိခိုက်ဒဏ်ရာလုံးဝမရပဲ ကံကောင်းစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာ တွေ့ရပါတယ်။ လုံခြုံရေးအိမ်လေးရဲ့ ပေါ့ပါးတဲ့အပိုင်းကို မုန်တိုင်းက တိုက်ခတ်သယ်ဆောင်သွားပေမယ့် ကားပါကင်အစောင့်ဟာ အိမ်လေးရဲ့ကြမ်းပြင်ပေါ်မှာ ထိုင်ရက်သားကျန်ခဲ့တဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းကို ရှင်းရှင်းလင်လင်းကြီး စီစီတီဗွီကင်မရာတွေမှာ တွေ့ရတာပါ။ အောက်တိုဘာလ ၂၁ ရက်နေ့က တိုင်ဖွန်းမုန်တိုင်းဟာ တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်သွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့မြို့အတော်များများမှာလည်း ရုတ်တရက် မိုးအကြီးအကျယ်ရွားသွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံ ဂွမ်ဒေါင်ခရိုင်၊ ရှန်ဝေမြို့ကို ဦးစွာဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းဟာ မြောက်ဘက်ပိုင်းကို ရွေ့သွားတာကြောင့် အဲဒီဘက်မှာ မုန်တိုင်းအားပျော့သွားပြီလို့လည်း သိရပါတယ်။
6 years Ago
Up