မုန်တိုင်းဖြစ်ဖို့ အလားအလာကောင်းနေဟု

June 21, 2017

မုန်တိုင်းဖြစ်ဖို့ အလားအလာရှိနေဟု မိုးဇလပညာရှင် ဒေါက်တာဦးထွန်းလွင် ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်ပြင်နဲ့ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း ရေပြင်တို့မှာ  မုန်တိုင်းဖြစ်လာနိုင်တဲ့ လေထုမတည်ငြိမ်မှုတွေစတင်ဖြစ်ပေါ်လာနေပြီလို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂၀ရက်နေ့ ည ၆း၃၀ နာရီမှ နောက် ၄၈ နာရီအတွက် ခန့်မှန်းချက်ကို ဒီကနေ့ မနက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်း နေတယ်လို့ ဒီကနေ့ မနက် ခန့်မှန်းထုတ်ပြန်ထားပါတယ်။ မြန်မာကမ်းရိုးတန်းတလျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တို့မှာ  တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ၆ ပေမှ ၉ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ - U Tun Lwin Facebook
4 years Ago

June 9, 2017

မုန်တိုင်းဖြစ်ဖို့ အလားအလာကောင်းနေဟု မိုးလေဝသပညာရှင် ခန့်မှန်း  

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဆက်လက်ဖြစ်ပေါ်နေပြီး  ကြီးမားတဲ့ တိမ်တိုက်ကြီးတခုဟာလည်း တွဲလျက် ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထုတ်ပြန်ပါတယ်။ မုန်တိုင်းဖြစ်ဖို့ အလားအလာတွေဟာ ပုံမှန်ထက်ပိုနေပြီး သေချာမှု ရာခိုင်နှုန်းကလည်း မှန်မှန်တိုးလာနေတယ်လို့ ဆိုပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေနဲ့ မြန်မာနိုင်ငံ အနောက်ကမ်းခြေတွေမှာ မုတ်သုံလေတွေ အားကောင်းလာပြီး မိုးတွေ ရွာလာစေလိမ့်မယ်၊ လေဖိအားနည်းရပ်ဝန်း တည်ရှိရာ ပင်လယ်ပြင်မှာလည်း မိုးကြီးလေထန် အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒေါက်တာထွန်းလွင်
4 years Ago
Up