မုန်တိုင်းအရှိန်ကြောင့် မြေပြို ရေကြီးအန္တရာယ် သတိပြုကြရန် မိုးဇလ သတိပေး

A d v e r t i s e m e n t With Us

October 9, 2018

မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်တိုင်း ၈ ခုတွင် မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကို ဦးတည်ခြင်းမရှိပေမယ့် မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်တိုင်း ၈ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur) ရဲ့ အရှေ့တောင်ဘက် မိုင် ၃၁၀ လောက်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam) ရဲ့ အရှေ့တောင်ဘက် မိုင် ၂၈၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့  အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းရဲ့ အရှိန်ကြောင့် အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလ သတင်းမှာ ဖော်ပြပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တယ်။ လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင် တို့မှာ ကိုးပေကနေ ၁၂ ပေခန့်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေကနေ ၉ ပေခန့်ရှိနိုင်တယ်။ ဒါ့ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေနဲ့  ကြိုတင်သတိထားကြဖို့ မိုးဇလက နှိုးဆော်ထားပါတယ်။
2 years Ago

November 6, 2016

မုန်တိုင်းအရှိန်ကြောင့် နေရာကွက် မိုးကြီးနိုင်၊ မြေပြိုမှုဖြစ်ပွားနိုင်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်းကမ်းခြေကို နောက် ၆ နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မယ်လို့ မိုးလေ၀သဌာနက ကြေညာပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်။ အလားတူ မုန်တိုင်းငယ် အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက်  ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့လည်း ကြိုတင်သတိပြုကြပါလို့ မိုးဇလဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။
4 years Ago
Up