တရုတ်နိုင်ငံမှာ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားတဦးဟာ လမ်းမပေါ် လျှပ်စစ်စက်ဘီးစီးလာချိန်မှာ တိုင်ဖွန်းမုန်တိုင်း ရုတ်တရက်တိုက်ခတ်ခဲ့လို့ စက်ဘီးပေါ်ကနေ လွင့်စင်သွားခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဆာရီကာဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ခရိုင်ထဲကို ၀င် ရောက်တိုက်ခိုက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။
သူဟာ စက်ဘီးကို စီးနင်းနေရင်း ရုတ်တရက် မုန်တိုင်းကြောင့် လေအပြင်းအထန် တိုက်ခတ်လိုက်ချိန်မှာ ဘယ်လိုမှ မထိန်းနိုင်တော့ပဲ စက်ဘီးပေါ်ကနေ လွင့်ထွက်သွားခဲ့ တာကို တွေ့ရပါတယ်။
ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူ အမျိုးသမီးတဦးက သူ့ရဲ့နေအိမ်ပြတင်း ပေါက်မှတဆင့် ရုပ်သံကင်မရာနဲ့ မှတ်တမ်းတင်ထားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြ ပါတယ်။
ဆာရီကာမုန်တိုင်းဟာ အခုနှစ်အတွက် ၂၁ ကြိမ်မြောက် တိုက်ခတ်တဲ့ တိုင်ဖုန်း မုန်တိုင်းဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် ဒေသတွင်းမှာ မိုးသည်းသည်းထန်ထန်ရွာသွန်း ပြီး လေပြင်းတွေလည်း တိုက်ခတ်ခဲ့တာပါ။
6 years Ago