မုဒုံတွင်

October 26, 2017

မုဒုံတွင် ၁၁ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာမှာ  အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၄၂ အရွယ် အမျိုးသားတဦးက အဓမ္မပြုကျင့် ခဲ့တယ်လို့ မုဒုံမြို့မ ရဲစခန်းမှ အရာရှိတဦးက ပြောပါတယ်။ ကော့လှာကျေးရွာနေ ဦးမောင်ဦးရဲ့ခြံမှာ စာရင်းငှားလုပ်ကိုင်သူ ကတုံး(ခ) ၀င်းကြိုင် က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်နေ ၁၁ အရွယ်မကို မ(-----) ကို မိဘနှစ်ပါးမရှိချိန် ဖုန်းပြင်ပေးမယ်ပြောပြီး မှိန်ကနိမ်းကျေးရွာ ဘူတာနဲ့ ပေ ၄၀၀ ကျော်ဝေးတဲ့ ရထားလမ်းခြုံတော အနီးမှာ အဓမ္မပြုကျင့်ခဲ့ပြီး ဘယ်သူ့ကိုမှ မပြောဖို့နဲ့ ဖုန်းအသစ်တလုံးဝယ်ပေးမည်ဆိုပြီး မိဘတွေအလုပ်လုပ်ကိုင်ရာ ကော့လှာကျေးရွာအရှေ့ပိုင်းကို ပြန်လည်ပို့ဆောင်ပေးခဲ့ရာ  နေအိမ်ပြန်ရောက်ချိန်မှာ မိဘတွေက အဖြစ်မှန်ကို သိရတဲ့အတွက် မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ မုဒုံမြို့မ ရဲစခန်းမှ စခန်းမှူး ခင်မောင်ထွန်းက “ခုချိန်မှာ တရားရုံးမှာ တရားခံ ရမန်ယူဖို့နဲ့ အမှုတွေ စစ်ဆေးဆောင်ရွက်နေဆဲပါ” လို့ ပြောပါတယ်။ မုဒုံမြို့နယ်အထွေထွအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က "ညကပဲ တနာရီလောက်မှာ တရားခံကို ဖမ်းမိတယ်။ အခု အဲဒီတရားခံဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ-၃၇၆ နဲ့ တရားစွဲတင်ထားတယ်။ ပြစ်မှုကျူးလွန်သူက ၀င်းကြိုင်(၄၂)၊ ကလေးမလေး အမေက ဒေါ်----- က တရားလိုလုပ်ပြီး အမှုဖွင့်ထားခဲ့တာပါ။ အဓမ္မပြုကျင့်ခံရတဲ့ကလေးမက (၁၁)နှစ်။ တရားခံကတော့ မိထားပြီ။ ရဲက စစ်ဆေးဆောင်ရွက်နေတယ်။ ဖြစ်တာကတော့ မနေ့ညနေက ဖြစ်ပြီးတော့ အမှုကို စစ်တာနဲ့ ဖမ်းတာနဲ့ ဆေးစစ်နေတာနဲ့ပဲ ညတနာရီလောက်မှာ အမှုဖွင့်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။ မွန်ပြည်နယ်နယ်တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မုဒိန်းမှု ၃၇ မှုဖြစ်ပွားခဲ့ပြီး မော်လမြိုင်မှာ ၁၀ မှု၊ ကျိုက်ထိုနဲ့ ပေါင်မှာ ၆ မှုစီ၊ သထုံနှင့် ရေးမှာ ၄ မှုစီ၊ ကျိုက်မရောမှာ ၃ မှု၊ သံဖြူဇရပ်မှာ ၂ မှုနဲ့ ချောင်းဆုံနှင့် မုဒုံမှာ ၁ စီဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ သတင်း-အာကာမင်း၊ ဓာတ်ပုံ- အမွှာညီနောင်
3 years Ago

September 25, 2017

မုဒုံတွင် သံဃာတပါး ရေနစ်၍ ပျံလွန်တော်မူ

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ကန်ကြီးရေကန်မှာ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီက သံဃာတော်တပါး ရေနစ်ပြီး ပျံလွန်တော်မူခဲ့တယ်လို့ မုဒုံမြို့မရဲစခန်းက သိရပါတယ်။ သံဃာတော်မှာ မုဒုံမြို့၊ ကန်ကြီးပတ်လမ်း၊ အမှတ် ၄ ရပ်ကွက်ရှိ အောင်အေးကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ သက်တော် ၆၇ နှစ်၊ ၀ါတော်(၅) ၀ါ ရှိ အရှင်ဥုးကုသလ ဖြစ်တယ်လို့ သိရပါတယ်။ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထင်ကျော်က “သံဃာက အရင်တုန်းက လေဖြတ်ဖူးတယ်။ တီဘီ ရောဂါလည်းရှိတယ်။ ကျန်းမာရေးမကောင်းဘူး။ လတ်တလောက သေမှုသေခင်းကို သွေးရိုးသားရိုးသေတာ ဟုတ်မဟုတ် စစ်ဆေးနေတယ်” လို့ ပြောပါတယ်။ သံဃာတော်ဟာ မုဒုံကန်ကြီးရဲ့ ရေစိမ်အောက်မှာ ရေချိုးရာက ရေစိမ်တိုင်အောက်ခြေကို ကိုင်လျက် ပျံလွန်တော်မူနေတာဖြစ်ပြီး သမားရိုးကျပျံလွန်တော်မူတာ ဟုတ်၊မဟုတ် မုဒုံပြည်သူ့ဆေးရုံမှာ စစ်ဆေးနေကြောင်း မြို့မရဲစခန်း တာဝန်ရှိသူတဦးက ဆိုပါတယ်။ သတင်း-အာကာမင်း ဓာတ်ပုံ-Alin Yaung
4 years Ago
Up