မုဒုံရဲတပ်ဖွဲ့

May 17, 2021

အန်အယ်လ်ဒီအမတ်၏ ညီမတစ်ဝမ်းကွဲကို မုဒုံရဲတပ်ဖွဲ့က ဖမ်းဆီး

မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီအမတ် မခင်ကျော့ဖြူရဲ့ ညီမတစ်ဝမ်းကွဲ သပိတ်တွေမှာ တက်ကြွစွာ ပါဝင်နေတဲ့ မအေးစုကို မုဒုံရဲစခန်းက မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

မုဒုံရဲစခန်းက မအေးစုကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မတပ်ထားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် မအေးစုဟာ မုဒုံမြို့၊ ညောင်ကုန်းကျေးရွာမှာနေထိုင်သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် သပိတ်တွေမှာ တက်ကြွလှုပ်ရှားသူအဖြစ်ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်အမတ် မခင်ကျော့ဖြူကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးဖို့ ဆက်တိုက်ရှာဖွေနေပြီး တိမ်းရှောင်နေတဲ့အတွက် ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

7 months Ago
Up