မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မပြင်ဆင်နိုင်ခဲ့ရင်

September 10, 2019

မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မပြင်ဆင်နိုင်ခဲ့ရင်

“အရင်ဥပဒေထဲကအတိုင်း မုဒိမ်းမှုကို အဓိပ္ပာယ်ဖွင့်မယ် ဆိုရင်တော့ မုဒိမ်းကောင်တွေကတော့ လွတ်နေဦးမှာပဲ။ အဲဒီတော့ ဒီဥပဒေ ထွက်လာခြင်းအားဖြင့်လည်း ထူးပြီးတော့ မုဒိမ်းကောင်ကြီးကို အပြစ်ပေး အရေးယူနိုင်မယ်လို့ မျှော်လင့်လို့မရဘူး” ဒါကတော့ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လိုအပ်ချက်တွေ ရှိနေသေးတာကို ထောက်ပြ ပြောဆိုနေတာပဲ ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေမူကြမ်းမှာ ပါဝင်တဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လက်ရှိ ကျင့်သုံးနေဆဲ ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေထဲက အတိုင်းသာ ပါရှိခဲ့မယ်ဆိုရင် မုဒိမ်းမှုတွေကို ထိထိရောက်ရောက် အရေးယူပေးနိုင်မှာ မဟုတ်သလို အမျိုးသမီးတွေအတွက်လည်း အမှန်တကယ် အကာအကွယ်ပေးနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ “အဓိက ပြောနေရတာကတော့ မုဒိမ်းမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ။ အဲဒါကတော့ ကျမတို့က ပြင်ကို ပြင်ချင်တာ။ ဥပဒေက အရင်တိုင်းပဲဆိုရင်တော့ ဒီဥပဒေမှာလည်း မုဒိမ်းမှုနဲ့ပတ်သက်တဲ့ ပြစ်မှုပြစ်ဒဏ်က သီးခြားပါလာမှာ မဟုတ်ဘူး။ အဲဒါကိုတော့ ကျမတို့က လက်မခံနိုင်ဘူး” လို့ ကျား၊ မ တန်းတူညီမျှရေးကွန်ရက်ရဲ့  ဒါရိုက်တာ မမေစံပယ်ဖြူက ပြောပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဥပဒေပညာရှင်တွေနဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ရေးဆွဲနေတာပဲ ဖြစ်ပါတယ်။ ဥပဒေမူကြမ်း ထွက်လာဖို့အတွက် ဆွေးနွေးမှုတွေ၊ ပြင်ဆင်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကို မတင်ပြမီ ရှေ့နေချုပ်ရုံးကို ဦးစွာတင်ပြရပါတယ်။ “ကျမတို့ကတော့ ဖြစ်စေချင်တာ၊ ပြင်စေချင်တာတွေ ပြင်ပြီးတော့မှ လွှတ်တော်ကို တင်စေချင်တာလေ။ ဒါပေမဲ့ အဲဒါက အချိန်တွေပဲ ကြာလာပြီး တကယ့်တကယ်ကျတော့ ဖြစ်မလာဘူး။ ရှေ့နေချုပ်ရုံးကို တင်လိုက်ရင် ကိုယ် လိုချင်တာတွေက ရမလာဘဲ ရှိနေတာတွေက ပြန်ပြန်လျော့သွားတယ်။ အဲဒီမှာ အချိန်တွေ ကြာနေတာ။ သိသိသာသာ ကောင်းမွန်လာတာ မရှိဘူး” လို့ ဥပဒေကြမ်းရေးဆွဲရမှာ ကြန့်ကြာနေမှုအပိုင်းကို မမေစံပယ်ဖြူက ပြောပါတယ်။ ဒီဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲနေတာဖြစ်ပြီး အခုနှစ် လွှတ်တော်သက်တမ်းအတွင်း တင်ပြနိုင်အောင် စီစဉ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ပြင်ဆင်ချင်တဲ့ အချက်တချို့ ရှိနေပေမယ့်လည်း အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ မုဒိမ်းမှုတွေ မြင့်တက်နေတာကြောင့် အဓိက အရေးကြီးတဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုသာ ပြင်ဆင်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ရာဇသတ်ကြီးဥပဒေထဲက မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ  ယောကျ်ားလိင်အင်္ဂါနဲ့ မိန်းမအင်္ဂါအတွင်း ထိုးသွင်းမိပြီး လုံလောက်သော ကာမစပ်ယှက်မှုမြောက်ရင် မုဒိမ်းမှုမြောက်ကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၆) မှာ မိန်းမက ခွင့်မပြုခြင်း၊ မိန်းမက အလိုမတူ ငြင်းဆန်ခြင်း စတဲ့ မိန်းမရဲ့ ခွင့်ပြုချက် မပါဘဲ ကာမစပ်ယှက်မှုမြောက်ရင် မုဒိမ်းမှုမြောက်ကြောင်း၊ မိန်းမရဲ့ ခွင့်ပြုချက် ဆန္ဒသဘောထားအပေါ် အခြေခံပြီး ပြဋ္ဌာန်းထားပေမယ့် အားနည်းချက်ရှိနေတာက လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် မလွှမ်းခြုံနိုင်တာဘဲ ဖြစ်ပါတယ်။ လက်ရှိကာလမှာ လိင်ဆက်ဆံမှုတွေဟာ မိန်းမရဲ့ အင်္ဂါဇာတ်နဲ့ ယောကျ်ားရဲ့ အင်္ဂါဇာတ်ကိုသာ အသုံးပြုကြတာ မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို အသုံးပြုပြီး လိင်ဆက်ဆံတာတွေလည်း ရှိနေတာကြောင့် ဘယ်လို လိင်ဆက်ဆံမှုမျိုးကိုမဆို မုဒိမ်းမှုမြောက်ကြောင်း ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးဆွဲထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ “မုဒိမ်းမှုလို့ ပြောရင် အခုခေတ် လိင်ဆက်ဆံတာတွေနဲ့ မကိုက်ညီတာ၊ ဥပဒေက အရမ်းကြာနေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကျော်လောက်ကဆိုတော့ ခုခေတ်နဲ့ မကိုက်ညီတော့ဘူး။ ကျမတို့ အတွေ့အကြုံအရ ၂၀၁၆ ခုနှစ်တုန်းက ၄ နှစ်အရွယ် ကလေးလေးကို အနောက်ဘက်ကနေ လိင်ဆက်ဆံတာ။ အဲဒါ မုဒိမ်းပဲလေ။ အဲဒီလိုမျိုးကို မုဒိမ်းလို့ မသတ်မှတ်ဘဲ တခြားပုဒ်မနဲ့ တပ်လိုက်တဲ့အတွက် အရေးယူ အပြစ်ပေးမှု၊ ကျူးလွန်တဲ့ ပြစ်မှု ပြစ်ဒဏ်ရော၊ လူတွေရဲ့ ယူဆချက်တွေ ဦးစားပေးအဆင့်တွေ ကွာသွားတယ်” လို့ အခရာ အမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားက ပြောပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ရှိ ဖြစ်ပျက်နေတဲ့ ခေတ်အခြေအနေနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်ချင်နေကြတာ ဖြစ်ပါတယ်။ “မုဒိမ်းမှု ဆိုသည်မှာ အမျိုးသမီး၏ သဘောတူ ခွင့်ပြုချက်မပါရှိဘဲ အမျိူးသမီး၏ လိင်အင်္ဂါကိုသော်လည်းကောင်း၊ စအိုကိုသော်လည်းကောင်း၊ အမျိုးသား၏ လိင်အင်္ဂါဖြင့် ဖြစ်စေ၊ အခြားသော ကိုယ်အင်္ဂါ တစ်ခုခုဖြင့် ဖြစ်စေ၊ အရာဝတ္ထုတခုခုဖြင့် ဖြစ်စေ၊ အနည်းငယ်မျှပင် ဖြစ်စေကာမူ ထိုးသွင်းခြင်းကို ဆိုသည်။ ပါးစပ်အတွင်းသို့ အမျိုးသား၏ လိင်အင်္ဂါဖြင့် ထိုးသွင်းခြင်းကိုလည်း မုဒိမ်းမှုအဖြစ် မှတ်ယူရမည်”  ဆိုသည့် စာသားကတော့ အမျိုးသမီးအဖွဲ့အစည်းတွေ ထည့်သွင်းရေးဆွဲစေလိုတဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ အခုလက်ရှိ ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံ၊ ရာဇသတ်ကြီးဥပဒေ ဆိုတာက  ဗြိတိသျှ အုပ်စိုးစဉ်ကာလ ၁၈၆၁ ခုနစ်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရာဇသတ်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့ ရာဇသတ်ကြီးဥပေဒေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုနဲ့ပတ်သက်ပြီး ၁၉၈၃ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ရာဇဝတ်ဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ခေတ်ရဲ့ အခြေအနေနဲ့ အဖြစ်အပျက်တွေအပေါ် လွှမ်းခြုံနိုင်ပါတယ်။ ယောကျ်ားလိင်အင်္ဂါနဲ့ မိန်းမလိင်အင်္ဂါ ကာမစပ်ယှက်တာ တခုတည်းမဟုတ်ဘဲ မိန်းမရဲ့ ပါးစပ်၊ မိန်းမအင်္ဂါ၊ ဆီးလမ်းကြောင်း (သို့မဟုတ်) စအိုအတွင်းသို့ ယောက်ျားလိင်အင်္ဂါနဲ့ ဖြစ်စေ၊ ယောက်ျားရဲ့ လိင်အင်္ဂါမဟုတ်ဘဲ အခြားပစ္စည်းတခုခုနဲ့ ဖြစ်စေ၊ ထိုးသွင်းတာ၊ ယောကျ်ားရဲ့ ပါးစပ်နဲ့ မိန်းမအင်္ဂါ၊ ဆီးလမ်းကြောင်း၊ စအိုနဲ့ ကာမစပ်ယှက်တာကို အိန္ဒိယနိုင်ငံရဲ့ မုဒိမ်းမှု အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ထည့်သွင်းရေးဆွဲထားပါတယ်။ မုဒိမ်းမှု ကျူးလွန်ရာမှာလည်း အုပ်စုဖွဲ့မုဒိမ်းမှုနဲ့ အသက်သေဆုံးခြင်း၊ ဆိုးရွားစွာ ထိခိုက်စေခြင်း၊ စတာတွေ ဖြစ်ခဲ့ရင် အနှစ် ၂၀ ထက်မနည်းနဲ့ ထောင်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် တသက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ၊ ချမှတ်ရမယ်လို့ ပါရှိပါတယ်။ ဒါဟာ မုဒိမ်းမှု ဖြစ်စေတဲ့ အခြေအနေတခုချင်းအပေါ် ပြစ်မှု ပြစ်ဒဏ်တွေကို သီးခြားပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဘက်ပေါင်းစုံက အားနည်းချက်မဖြစ်အောင် သက်ငယ်မုဒိမ်း အပါအဝင် ဆေးရုံ ဆေးခန်း၊ အကျဉ်းထောင်၊ ရုံးဂေဟာ စတဲ့ နေရာတွေပါ မကျန်ရှိစေရအောင် မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ထည့်သွင်းရေးဆွဲထားပါတယ်။ ရာဇသတ်ကြီးဥပဒေကို အတူတူ ကျင့်သုံးတဲ့ နိုင်ငံချင်း တူနေပေမယ့် အိန္ဒိယနိုင်ငံရဲ့ ဥပဒေကတော့ ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေပြီး အမှန်တကယ် ကျင့်သုံးဖို့ အသုံးဝင်တဲ့ ဥပဒေအဖြစ် ပြင်ဆင်ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကျော်က ရေးဆွဲခဲ့တဲ့ ဥပဒေအတိုင်းသာ ကျင့်သုံးနေတာဖြစ်ပြီး မုဒိမ်းမှုရဲ့ ပြင်ဆင်ချက်မှာလည်း မိန်းမရဲ့ အသက်အပိုင်းအခြား တခုတည်းကိုသာ ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်နေ့က ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ “အခုခေတ် လိင်ဆက်ဆံတာတွေက မျိုးစုံတယ်။ အဲဒါတွေကိုပါ ထည့်ပြီး ရေးဆွဲထားသင့်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတခု ထွက်လာမယ်ဆိုရင်တော့ အမျိုးသမီးတွေကို အမှန်တကယ် အကာကွယ်ပေးမှာပေါ့။ အိမ်တွင်း အကြမ်းဖက်မှု ဆိုတာတွေပါ ပါလာပြီ ဆိုရင်တော့လေ။ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့ ဥပဒေမျိုးဆိုရင်တော့ အခုလိုပဲ အမျိုးသမီးတွေကို အပြည့်အဝ အကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးပေါ့” လို့ မထားထားကတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပေဒ ထွက်ပေါ် လာမယ့်အပေါ်  သုံးသပ်ပြောဆိုပါတယ်။ ဒါ့အပြင် မုဒိမ်းမှုနဲ့ပတ်သက်ရင် ဥပဒေတခုတည်း ပြင်ဆင်ရမှာမဟုတ်ဘဲ မုဒိမ်းမှု ဆိုတာကို ပြည်သူလူထု အမှန်တကယ် သိရှိ နားလည်ထားဖို့ကလည်း အရေးကြီးတယ်လို့ ထောက်ပြ ပြောဆိုထားပါသေးတယ်။ ပြည်သူတွေအနေနဲ့ မုဒိမ်းမှုဖြစ်တဲ့အခါ ရဲစခန်းကို ချက်ချင်း သွားရောက် တိုင်ကြားသင့်ပြီး အရေးကြီးတဲ့ သက်သေတွေဖြစ်တဲ့ အမှုဖြစ်စဉ်က ဝတ်ထားတဲ့ အဝတ်အစားတွေကို သေချာသိမ်းဆည်းထားရမယ် ဆိုတာ သိနေရမယ်လို့လည်း ဆိုပါတယ်။ “ပြည်သူလူထုက နားမလည်နေတာလည်း အားနည်းချက်တခု ဖြစ်နေတယ်။ ဖြစ်ဖြစ်ချင်း ရဲကို တိုင်ရင် ရဲက အမှုချက်ချင်းဖွင့်ပေးရမယ့်ဟာ မဖြစ်နိုင်ပါဘူး၊ မဟုတ်လောက်ပါဘူးဆိုပြီး မဖွင့်ပေးသေးဘဲ အချိန်ကြာသွားရင် သက်သေတွေကလည်း မရှိတော့ဘူး။ ပြည်သူလူထုအနေနဲ့ အသက်အန္တရာယ် မရှိလောက်တဲ့ အခြေအနေမျိုးဆိုရင် ရဲစခန်းကို ချက်ချင်း သွားဖို့လိုတယ်။ သွေးတွေထွက်ပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးဆိုရင်  အခုဥပဒေမှာ ပါလာမယ် ဆိုရင်တော့ ဆေးရုံကို တန်းသွားပေါ့။ ပြီးမှ ရဲကို ပြန်ဆက်သွယ်တယ်။ အရေးကြီးတဲ့ အချက်က မုဒိမ်းမှုဖြစ်ပြီ ဆိုတာနဲ့ အဝတ်အစားတွေကို တိုင်ပြီးလို့ အမှုမပြီးမချင်း အဲဒါတွေကို မလျှော် မဖွပ်ဘဲ သိမ်းထားရမယ်” လို့ မထားထားက အကြံပြုထားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ရာဇသတ်ကြီးဥပဒေမှာ ဖော်ပြထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အခြား အကြမ်းဖက်မှုတွေအတွက် ပြစ်မှု ပြစ်ဒဏ်တွေဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အမျိုးသမီးတွေ လက်တွေ့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဒီဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့အခါ အားနည်းချက်တွေ၊ လစ်ဟာချက်တွေ ရှိနေပြီး ထိရောက်မှုလည်း အားနည်းနေတယ်လို့ ကျား၊ မ တန်းတူညီမျှရေးကွန်ရက်က ထုတ်ဝေတဲ့ တိမ်မြုပ်နေသော ဖြည့်ဆည်းရန် ကွက်လပ်များစ ာတမ်းမှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးနိုင်ဖို့ ဥပဒေအသစ်တရပ် ရေးဆွဲရတဲ့ ရည်ရွယ်ချက်ကလည်း တည်ဆဲဥပဒေရဲ့ လစ်ဟာချက်တွေကို ထိရောက်စွာ ဖြည့်စွက်ဖို့ဖြစ်ပြီး အမျိုးသမီးတွေရဲ့ နေ့စဉ်လူမှုဘဝအတွင်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက် ခြိမ်းခြောက်ခံရမှု အန္တရာယ်တွေကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး ဥပေဒမူကြမ်းမှာတော့ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးမယ့် ဥပဒေတွေ၊ ပဋိပက္ခ ဒေသအတွင်းက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက် ပြင်းထန်တဲ့ ပြစ်မှုပြစ်ဒဏ်တွေနဲ့ အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ လုပ်ငန်းဆောင်တာတွေ ပါဝင် ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။ “ဒီဥပဒေကို ကျမတို့က မိန်းကလေးတွေအပေါ် အကြမ်းဖက်မှု ဖြစ်လာတိုင်း ဘယ်မှာပဲ ဖြစ်ဖြစ်၊ ဘယ်သူကပဲ လုပ်လုပ်၊ ဒီဥပဒေကိုပဲ သုံးပြီးတော့ တရားစီရင်ဆုံးဖြတ်စေချင်တာ။ အဲဒီလိုမျိုး ထင်ထင်ရှားရှား ရေးထားတဲ့ စာသားတွေ အခုမပါတော့ဘူး။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ကော်မတီတွေကိုတော့ ဆက်ပြီး တွန်းအားပေး လုပ်ဆောင်သွားဖို့ ရှိတယ်။ ဥပဒေကို တင်လာရင် ကျမတို့ဘက်က ဘာတွေ ပြင်စေချင်တယ်၊ ဘာတွေ ထပ်ဖြည့်ချင်တယ် ဆိုတာကို ဆွေးနွေးမယ်လို့တော့ စီစဉ်ထားတယ်”လို့ မမေစံပယ်ဖြူက ပြောပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေကို လွှတ်တော်တင်ပြီးမှသာ ဆက်လက်ကြိုးစားသွားတော့မယ်လို့ ပြောပါတယ်။ အချိန်ကာလ ကြန့်ကြာနေပြီး ထိရောက်တဲ့ ပြင်ဆင်မှုတွေ ဖြစ်မလာတဲ့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေ အမြန်ပေါ်ထွက်လာဖို့ အတွက်သာ အရေးတကြီး လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ အခုရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမှာ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ချက်ဟာ လက်ရှိ ကျင့်သုံးနေဆဲဖြစ်တဲ့ ရာဇသတ်ကြီးထဲက ဥပဒေအတိုင်း ဖြစ်မလား၊ ဒါမှမဟုတ် ပိုမိုပြည့်စုံမှုရှိတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တခု ဖြစ်လာမလား၊ လက်ရှိအခြေအနေအပေါ် ထိရောက်တဲ့ ဥပဒေတရပ် ဖြစ်လာမလား ဆိုတာကတော့ အမျိုးသမီးအဖွဲ့အစည်းတွေဘက်က အရေးတကြီး စောင့်ကြည့်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ခင်စုကြည် (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။) ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ မျပင္ဆင္ႏိုင္ခဲ့ရင္ “အရင္ဥပေဒထဲကအတိုင္း မုဒိမ္းမႈကို အဓိပၸာယ္ဖြင့္မယ္ ဆိုရင္ေတာ့ မုဒိမ္းေကာင္ေတြကေတာ့ လြတ္ေနဦးမွာပဲ။ အဲဒီေတာ့ ဒီဥပေဒ ထြက္လာျခင္းအားျဖင့္လည္း ထူးၿပီးေတာ့ မုဒိမ္းေကာင္ႀကီးကို အျပစ္ေပး အေရးယူႏိုင္မယ္လို႔ ေမွ်ာ္လင့္လို႔မရဘူး” ဒါကေတာ့ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ လိုအပ္ခ်က္ေတြ ရွိေနေသးတာကို ေထာက္ျပ ေျပာဆိုေနတာပဲ ျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမွ တားဆီးကာကြယ္ေရးဥပေဒမူၾကမ္းမွာ ပါဝင္တဲ့ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ လက္ရွိ က်င့္သုံးေနဆဲ ျဖစ္တဲ့ ရာဇသတ္ႀကီးဥပေဒထဲက အတိုင္းသာ ပါရွိခဲ့မယ္ဆိုရင္ မုဒိမ္းမႈေတြကို ထိထိေရာက္ေရာက္ အေရးယူေပးႏိုင္မွာ မဟုတ္သလို အမ်ိဳးသမီးေတြအတြက္လည္း အမွန္တကယ္ အကာအကြယ္ေပးႏိုင္ပါ့မလား ဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။ “အဓိက ေျပာေနရတာကေတာ့ မုဒိမ္းမႈ အဓိပၸာယ္ဖြင့္ဆိုခ်က္ပဲ။ အဲဒါကေတာ့ က်မတို႔က ျပင္ကို ျပင္ခ်င္တာ။ ဥပေဒက အရင္တိုင္းပဲဆိုရင္ေတာ့ ဒီဥပေဒမွာလည္း မုဒိမ္းမႈနဲ႔ပတ္သက္တဲ့ ျပစ္မႈျပစ္ဒဏ္က သီးျခားပါလာမွာ မဟုတ္ဘူး။ အဲဒါကိုေတာ့ က်မတို႔က လက္မခံႏိုင္ဘူး” လို႔ က်ား၊ မ တန္းတူညီမွ်ေရးကြန္ရက္ရဲ႕  ဒါ႐ိုက္တာ မေမစံပယ္ျဖဴက ေျပာပါတယ္။ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမွ တားဆီးကာကြယ္ေရးဥပေဒမူၾကမ္းကို လူမူဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ဦးေဆာင္ၿပီး ဥပေဒပညာရွင္ေတြနဲ႔ အမ်ိဳးသမီးအေရး ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းေတြက ေရးဆြဲေနတာပဲ ျဖစ္ပါတယ္။ ဥပေဒမူၾကမ္း ထြက္လာဖို႔အတြက္ ေဆြးေႏြးမႈေတြ၊ ျပင္ဆင္မႈေတြ အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ၿပီး လႊတ္ေတာ္ကို မတင္ျပမီ ေရွ႕ေနခ်ဳပ္႐ုံးကို ဦးစြာတင္ျပရပါတယ္။ “က်မတို႔ကေတာ့ ျဖစ္ေစခ်င္တာ၊ ျပင္ေစခ်င္တာေတြ ျပင္ၿပီးေတာ့မွ လႊတ္ေတာ္ကို တင္ေစခ်င္တာေလ။ ဒါေပမဲ့ အဲဒါက အခ်ိန္ေတြပဲ ၾကာလာၿပီး တကယ့္တကယ္က်ေတာ့ ျဖစ္မလာဘူး။ ေရွ႕ေနခ်ဳပ္႐ုံးကို တင္လိုက္ရင္ ကိုယ္ လိုခ်င္တာေတြက ရမလာဘဲ ရွိေနတာေတြက ျပန္ျပန္ေလ်ာ့သြားတယ္။ အဲဒီမွာ အခ်ိန္ေတြ ၾကာေနတာ။ သိသိသာသာ ေကာင္းမြန္လာတာ မရွိဘူး” လို႔ ဥပေဒၾကမ္းေရးဆြဲရမွာ ၾကန႔္ၾကာေနမႈအပိုင္းကို မေမစံပယ္ျဖဴက ေျပာပါတယ္။ ဒီဥပေဒမူၾကမ္းကို ၂၀၁၃ ခုႏွစ္ကတည္းက စတင္ေရးဆြဲေနတာျဖစ္ၿပီး အခုႏွစ္ လႊတ္ေတာ္သက္တမ္းအတြင္း တင္ျပႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္ေနၾကတာ ျဖစ္ပါတယ္။ အမ်ိဳးသမီးအဖြဲ႕အစည္းေတြအေနနဲ႔ ျပင္ဆင္ခ်င္တဲ့ အခ်က္တခ်ိဳ႕ ရွိေနေပမယ့္လည္း အခုလက္ရွိ ျမန္မာႏိုင္ငံရဲ႕ အေျခအေနအရ မုဒိမ္းမႈေတြ ျမင့္တက္ေနတာေၾကာင့္ အဓိက အေရးႀကီးတဲ့ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ကိုသာ ျပင္ဆင္ဖို႔ ႀကိဳးစားေနၾကတာပဲ ျဖစ္ပါတယ္။ လက္ရွိ က်င့္သုံးေနတဲ့ ရာဇသတ္ႀကီးဥပေဒထဲက မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ  ေယာက်္ားလိင္အဂၤါနဲ႔ မိန္းမအဂၤါအတြင္း ထိုးသြင္းမိၿပီး လုံေလာက္ေသာ ကာမစပ္ယွက္မႈေျမာက္ရင္ မုဒိမ္းမႈေျမာက္ေၾကာင္း ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ (၃၇၆) မွာ မိန္းမက ခြင့္မျပဳျခင္း၊ မိန္းမက အလိုမတူ ျငင္းဆန္ျခင္း စတဲ့ မိန္းမရဲ႕ ခြင့္ျပဳခ်က္ မပါဘဲ ကာမစပ္ယွက္မႈေျမာက္ရင္ မုဒိမ္းမႈေျမာက္ေၾကာင္း၊ မိန္းမရဲ႕ ခြင့္ျပဳခ်က္ ဆႏၵသေဘာထားအေပၚ အေျခခံၿပီး ျပ႒ာန္းထားေပမယ့္ အားနည္းခ်က္ရွိေနတာက လက္ရွိ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြအေပၚ မလႊမ္းၿခဳံႏိုင္တာဘဲ ျဖစ္ပါတယ္။ လက္ရွိကာလမွာ လိင္ဆက္ဆံမႈေတြဟာ မိန္းမရဲ႕ အဂၤါဇာတ္နဲ႔ ေယာက်္ားရဲ႕ အဂၤါဇာတ္ကိုသာ အသုံးျပဳၾကတာ မဟုတ္ဘဲ ခႏၶာကိုယ္ရဲ႕ တျခားအစိတ္အပိုင္းေတြကို အသုံးျပဳၿပီး လိင္ဆက္ဆံတာေတြလည္း ရွိေနတာေၾကာင့္ ဘယ္လို လိင္ဆက္ဆံမႈမ်ိဳးကိုမဆို မုဒိမ္းမႈေျမာက္ေၾကာင္း ျပည့္ျပည့္စုံစုံ ထည့္သြင္းေရးဆြဲထားဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ “မုဒိမ္းမႈလို႔ ေျပာရင္ အခုေခတ္ လိင္ဆက္ဆံတာေတြနဲ႔ မကိုက္ညီတာ၊ ဥပေဒက အရမ္းၾကာေနၿပီ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၅၀ ေက်ာ္ေလာက္ကဆိုေတာ့ ခုေခတ္နဲ႔ မကိုက္ညီေတာ့ဘူး။ က်မတို႔ အေတြ႕အႀကဳံအရ ၂၀၁၆ ခုႏွစ္တုန္းက ၄ ႏွစ္အ႐ြယ္ ကေလးေလးကို အေနာက္ဘက္ကေန လိင္ဆက္ဆံတာ။ အဲဒါ မုဒိမ္းပဲေလ။ အဲဒီလိုမ်ိဳးကို မုဒိမ္းလို႔ မသတ္မွတ္ဘဲ တျခားပုဒ္မနဲ႔ တပ္လိုက္တဲ့အတြက္ အေရးယူ အျပစ္ေပးမႈ၊ က်ဴးလြန္တဲ့ ျပစ္မႈ ျပစ္ဒဏ္ေရာ၊ လူေတြရဲ႕ ယူဆခ်က္ေတြ ဦးစားေပးအဆင့္ေတြ ကြာသြားတယ္” လို႔ အခရာ အမ်ိဳးသမီးအဖြဲ႕ တည္ေထာင္သူ မထားထားက ေျပာပါတယ္။ အမ်ိဳးသမီးအေရး လႈပ္ရွားေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းေတြအေနနဲ႔ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ကို လက္ရွိ ျဖစ္ပ်က္ေနတဲ့ ေခတ္အေျခအေနနဲ႔ ကိုက္ညီမႈရွိေအာင္ ျပင္ဆင္ခ်င္ေနၾကတာ ျဖစ္ပါတယ္။ “မုဒိမ္းမႈ ဆိုသည္မွာ အမ်ိဳးသမီး၏ သေဘာတူ ခြင့္ျပဳခ်က္မပါရွိဘဲ အမ်ိဴးသမီး၏ လိင္အဂၤါကိုေသာ္လည္းေကာင္း၊ စအိုကိုေသာ္လည္းေကာင္း၊ အမ်ိဳးသား၏ လိင္အဂၤါျဖင့္ ျဖစ္ေစ၊ အျခားေသာ ကိုယ္အဂၤါ တစ္ခုခုျဖင့္ ျဖစ္ေစ၊ အရာဝတၳဳတခုခုျဖင့္ ျဖစ္ေစ၊ အနည္းငယ္မွ်ပင္ ျဖစ္ေစကာမူ ထိုးသြင္းျခင္းကို ဆိုသည္။ ပါးစပ္အတြင္းသို႔ အမ်ိဳးသား၏ လိင္အဂၤါျဖင့္ ထိုးသြင္းျခင္းကိုလည္း မုဒိမ္းမႈအျဖစ္ မွတ္ယူရမည္”  ဆိုသည့္ စာသားကေတာ့ အမ်ိဳးသမီးအဖြဲ႕အစည္းေတြ ထည့္သြင္းေရးဆြဲေစလိုတဲ့ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ပဲ ျဖစ္ပါတယ္။ အခုလက္ရွိ က်င့္သုံးေနတဲ့ ျမန္မာႏိုင္ငံ၊ ရာဇသတ္ႀကီးဥပေဒ ဆိုတာက  ၿဗိတိသွ် အုပ္စိုးစဥ္ကာလ ၁၈၆၁ ခုနစ္က ျပ႒ာန္းခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ရာဇသတ္ႀကီးဟာ အိႏၵိယႏိုင္ငံရဲ႕ ရာဇသတ္ႀကီးဥေပေဒနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ အိႏၵိယႏိုင္ငံမွာ မုဒိမ္းမႈနဲ႔ပတ္သက္ၿပီး ၁၉၈၃ ခုႏွစ္နဲ႔ ၂၀၁၃ ခုႏွစ္ေတြမွာ ရာဇဝတ္ဥပေဒ ျပင္ဆင္ခ်က္ အက္ဥပေဒအရ ျပန္လည္ျပင္ဆင္ထားၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိ အိႏၵိယႏိုင္ငံမွာ က်င့္သုံးေနတဲ့ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ဟာ ေခတ္ရဲ႕ အေျခအေနနဲ႔ အျဖစ္အပ်က္ေတြအေပၚ လႊမ္းၿခဳံႏိုင္ပါတယ္။ ေယာက်္ားလိင္အဂၤါနဲ႔ မိန္းမလိင္အဂၤါ ကာမစပ္ယွက္တာ တခုတည္းမဟုတ္ဘဲ မိန္းမရဲ႕ ပါးစပ္၊ မိန္းမအဂၤါ၊ ဆီးလမ္းေၾကာင္း (သို႔မဟုတ္) စအိုအတြင္းသို႔ ေယာက္်ားလိင္အဂၤါနဲ႔ ျဖစ္ေစ၊ ေယာက္်ားရဲ႕ လိင္အဂၤါမဟုတ္ဘဲ အျခားပစၥည္းတခုခုနဲ႔ ျဖစ္ေစ၊ ထိုးသြင္းတာ၊ ေယာက်္ားရဲ႕ ပါးစပ္နဲ႔ မိန္းမအဂၤါ၊ ဆီးလမ္းေၾကာင္း၊ စအိုနဲ႔ ကာမစပ္ယွက္တာကို အိႏၵိယႏိုင္ငံရဲ႕ မုဒိမ္းမႈ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ ထည့္သြင္းေရးဆြဲထားပါတယ္။ မုဒိမ္းမႈ က်ဴးလြန္ရာမွာလည္း အုပ္စုဖြဲ႕မုဒိမ္းမႈနဲ႔ အသက္ေသဆုံးျခင္း၊ ဆိုး႐ြားစြာ ထိခိုက္ေစျခင္း၊ စတာေတြ ျဖစ္ခဲ့ရင္ အႏွစ္ ၂၀ ထက္မနည္းနဲ႔ ေထာင္ဒဏ္ျဖစ္ေစ၊ ေထာင္ဒဏ္ တသက္ျဖစ္ေစ၊ ေသဒဏ္ျဖစ္ေစ၊ ခ်မွတ္ရမယ္လို႔ ပါရွိပါတယ္။ ဒါဟာ မုဒိမ္းမႈ ျဖစ္ေစတဲ့ အေျခအေနတခုခ်င္းအေပၚ ျပစ္မႈ ျပစ္ဒဏ္ေတြကို သီးျခားျပ႒ာန္းထားတာ ျဖစ္ပါတယ္။ ဘက္ေပါင္းစုံက အားနည္းခ်က္မျဖစ္ေအာင္ သက္ငယ္မုဒိမ္း အပါအဝင္ ေဆး႐ုံ ေဆးခန္း၊ အက်ဥ္းေထာင္၊ ႐ုံးေဂဟာ စတဲ့ ေနရာေတြပါ မက်န္ရွိေစရေအာင္ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ ထည့္သြင္းေရးဆြဲထားပါတယ္။ ရာဇသတ္ႀကီးဥပေဒကို အတူတူ က်င့္သုံးတဲ့ ႏိုင္ငံခ်င္း တူေနေပမယ့္ အိႏၵိယႏိုင္ငံရဲ႕ ဥပေဒကေတာ့ ေခတ္အေျခအေနနဲ႔ လိုက္ေလ်ာညီေထြၿပီး အမွန္တကယ္ က်င့္သုံးဖို႔ အသုံးဝင္တဲ့ ဥပေဒအျဖစ္ ျပင္ဆင္ေျပာင္းလဲႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၅၀ ေက်ာ္က ေရးဆြဲခဲ့တဲ့ ဥပေဒအတိုင္းသာ က်င့္သုံးေနတာျဖစ္ၿပီး မုဒိမ္းမႈရဲ႕ ျပင္ဆင္ခ်က္မွာလည္း မိန္းမရဲ႕ အသက္အပိုင္းအျခား တခုတည္းကိုသာ ၂၀၁၉ ခုႏွစ္ မတ္လ ၂၅ ရက္ေန႔က ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။ “အခုေခတ္ လိင္ဆက္ဆံတာေတြက မ်ိဳးစုံတယ္။ အဲဒါေတြကိုပါ ထည့္ၿပီး ေရးဆြဲထားသင့္တယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြနဲ႔ ကိုက္ညီတဲ့ ဥပေဒတခု ထြက္လာမယ္ဆိုရင္ေတာ့ အမ်ိဳးသမီးေတြကို အမွန္တကယ္ အကာကြယ္ေပးမွာေပါ့။ အိမ္တြင္း အၾကမ္းဖက္မႈ ဆိုတာေတြပါ ပါလာၿပီ ဆိုရင္ေတာ့ေလ။ လက္ရွိအေျခအေနနဲ႔ ကိုက္ညီမႈမရွိတဲ့ ဥပေဒမ်ိဳးဆိုရင္ေတာ့ အခုလိုပဲ အမ်ိဳးသမီးေတြကို အျပည့္အဝ အကာကြယ္ေပးႏိုင္မွာ မဟုတ္ဘူးေပါ့” လို႔ မထားထားကေတာ့ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈမွ ကာကြယ္တားဆီးေရးဥေပဒ ထြက္ေပၚ လာမယ့္အေပၚ  သုံးသပ္ေျပာဆိုပါတယ္။ ဒါ့အျပင္ မုဒိမ္းမႈနဲ႔ပတ္သက္ရင္ ဥပေဒတခုတည္း ျပင္ဆင္ရမွာမဟုတ္ဘဲ မုဒိမ္းမႈ ဆိုတာကို ျပည္သူလူထု အမွန္တကယ္ သိရွိ နားလည္ထားဖို႔ကလည္း အေရးႀကီးတယ္လို႔ ေထာက္ျပ ေျပာဆိုထားပါေသးတယ္။ ျပည္သူေတြအေနနဲ႔ မုဒိမ္းမႈျဖစ္တဲ့အခါ ရဲစခန္းကို ခ်က္ခ်င္း သြားေရာက္ တိုင္ၾကားသင့္ၿပီး အေရးႀကီးတဲ့ သက္ေသေတြျဖစ္တဲ့ အမႈျဖစ္စဥ္က ဝတ္ထားတဲ့ အဝတ္အစားေတြကို ေသခ်ာသိမ္းဆည္းထားရမယ္ ဆိုတာ သိေနရမယ္လို႔လည္း ဆိုပါတယ္။ “ျပည္သူလူထုက နားမလည္ေနတာလည္း အားနည္းခ်က္တခု ျဖစ္ေနတယ္။ ျဖစ္ျဖစ္ခ်င္း ရဲကို တိုင္ရင္ ရဲက အမႈခ်က္ခ်င္းဖြင့္ေပးရမယ့္ဟာ မျဖစ္ႏိုင္ပါဘူး၊ မဟုတ္ေလာက္ပါဘူးဆိုၿပီး မဖြင့္ေပးေသးဘဲ အခ်ိန္ၾကာသြားရင္ သက္ေသေတြကလည္း မရွိေတာ့ဘူး။ ျပည္သူလူထုအေနနဲ႔ အသက္အႏၲရာယ္ မရွိေလာက္တဲ့ အေျခအေနမ်ိဳးဆိုရင္ ရဲစခန္းကို ခ်က္ခ်င္း သြားဖို႔လိုတယ္။ ေသြးေတြထြက္ၿပီး အသက္အႏၲရာယ္ရွိတဲ့ အေျခအေနမ်ိဳးဆိုရင္  အခုဥပေဒမွာ ပါလာမယ္ ဆိုရင္ေတာ့ ေဆး႐ုံကို တန္းသြားေပါ့။ ၿပီးမွ ရဲကို ျပန္ဆက္သြယ္တယ္။ အေရးႀကီးတဲ့ အခ်က္က မုဒိမ္းမႈျဖစ္ၿပီ ဆိုတာနဲ႔ အဝတ္အစားေတြကို တိုင္ၿပီးလို႔ အမႈမၿပီးမခ်င္း အဲဒါေတြကို မေလွ်ာ္ မဖြပ္ဘဲ သိမ္းထားရမယ္” လို႔ မထားထားက အႀကံျပဳထားပါတယ္။ ျမန္မာႏိုင္ငံမွာ လက္ရွိက်င့္သုံးေနတဲ့ ရာဇသတ္ႀကီးဥပေဒမွာ ေဖာ္ျပထားတဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈနဲ႔ အျခား အၾကမ္းဖက္မႈေတြအတြက္ ျပစ္မႈ ျပစ္ဒဏ္ေတြဟာ လက္ရွိအေျခအေနနဲ႔ ကိုက္ညီမႈမရွိတဲ့အတြက္ အမ်ိဳးသမီးေတြ လက္ေတြ႕ ႀကဳံေတြ႕ေနရတဲ့ အေျခအေနေတြကို ဒီဥပေဒနဲ႔ ကိုင္တြယ္ေျဖရွင္းတဲ့အခါ အားနည္းခ်က္ေတြ၊ လစ္ဟာခ်က္ေတြ ရွိေနၿပီး ထိေရာက္မႈလည္း အားနည္းေနတယ္လို႔ က်ား၊ မ တန္းတူညီမွ်ေရးကြန္ရက္က ထုတ္ေဝတဲ့ တိမ္ျမဳပ္ေနေသာ ျဖည့္ဆည္းရန္ ကြက္လပ္မ်ားစ ာတမ္းမွာ ေဖာ္ျပထားပါတယ္။ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈမွ ကာကြယ္တားဆီးႏိုင္ဖို႔ ဥပေဒအသစ္တရပ္ ေရးဆြဲရတဲ့ ရည္႐ြယ္ခ်က္ကလည္း တည္ဆဲဥပေဒရဲ႕ လစ္ဟာခ်က္ေတြကို ထိေရာက္စြာ ျဖည့္စြက္ဖို႔ျဖစ္ၿပီး အမ်ိဳးသမီးေတြရဲ႕ ေန႔စဥ္လူမႈဘဝအတြင္းမွာ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ အၾကမ္းဖက္ ၿခိမ္းေျခာက္ခံရမႈ အႏၲရာယ္ေတြကိုပါ ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ား အၾကမ္းဖက္မႈမွ ကာကြယ္တားဆီးေရး ဥေပဒမူၾကမ္းမွာေတာ့ အမ်ိဳးသမီးေတြ အိမ္တြင္း အၾကမ္းဖက္ခံရမႈမွ ကာကြယ္ေပးမယ့္ ဥပေဒေတြ၊ ပဋိပကၡ ေဒသအတြင္းက အမ်ိဳးသမီးေတြ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈအတြက္ ျပင္းထန္တဲ့ ျပစ္မႈျပစ္ဒဏ္ေတြနဲ႔ အကာအကြယ္ေပးထားတဲ့ ဥပေဒေတြ လုပ္ငန္းေဆာင္တာေတြ ပါဝင္ ထည့္သြင္းေရးဆြဲထားတယ္လို႔ သိရပါတယ္။ “ဒီဥပေဒကို က်မတို႔က မိန္းကေလးေတြအေပၚ အၾကမ္းဖက္မႈ ျဖစ္လာတိုင္း ဘယ္မွာပဲ ျဖစ္ျဖစ္၊ ဘယ္သူကပဲ လုပ္လုပ္၊ ဒီဥပေဒကိုပဲ သုံးၿပီးေတာ့ တရားစီရင္ဆုံးျဖတ္ေစခ်င္တာ။ အဲဒီလိုမ်ိဳး ထင္ထင္ရွားရွား ေရးထားတဲ့ စာသားေတြ အခုမပါေတာ့ဘူး။ ဒီဥပေဒနဲ႔ ပတ္သက္ၿပီးေတာ့ အမ်ိဳးသမီးနဲ႔သက္ဆိုင္တဲ့ ေကာ္မတီေတြကိုေတာ့ ဆက္ၿပီး တြန္းအားေပး လုပ္ေဆာင္သြားဖို႔ ရွိတယ္။ ဥပေဒကို တင္လာရင္ က်မတို႔ဘက္က ဘာေတြ ျပင္ေစခ်င္တယ္၊ ဘာေတြ ထပ္ျဖည့္ခ်င္တယ္ ဆိုတာကို ေဆြးေႏြးမယ္လို႔ေတာ့ စီစဥ္ထားတယ္”လို႔ မေမစံပယ္ျဖဴက ေျပာပါတယ္။ အမ်ိဳးသမီးအဖြဲ႕အစည္းေတြအေနနဲ႔ ဒီဥပေဒမူၾကမ္းနဲ႔ပတ္သက္ၿပီး ျပင္ဆင္တာ၊ ျဖည့္စြက္တာေတြကို လႊတ္ေတာ္တင္ၿပီးမွသာ ဆက္လက္ႀကိဳးစားသြားေတာ့မယ္လို႔ ေျပာပါတယ္။ အခ်ိန္ကာလ ၾကန႔္ၾကာေနၿပီး ထိေရာက္တဲ့ ျပင္ဆင္မႈေတြ ျဖစ္မလာတဲ့အတြက္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမွ တားဆီးကာကြယ္ေရးဥပေဒ အျမန္ေပၚထြက္လာဖို႔ အတြက္သာ အေရးတႀကီး လုပ္ေဆာင္ေနၾကတာလည္း ျဖစ္ပါတယ္။ အခုေရးဆြဲေနတဲ့ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမွ တားဆီးကာကြယ္ေရး ဥပေဒမွာ မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ခ်က္ဟာ လက္ရွိ က်င့္သုံးေနဆဲျဖစ္တဲ့ ရာဇသတ္ႀကီးထဲက ဥပေဒအတိုင္း ျဖစ္မလား၊ ဒါမွမဟုတ္ ပိုမိုျပည့္စုံမႈရွိတဲ့ အဓိပၸာယ္ဖြင့္ဆိုခ်က္တခု ျဖစ္လာမလား၊ လက္ရွိအေျခအေနအေပၚ ထိေရာက္တဲ့ ဥပေဒတရပ္ ျဖစ္လာမလား ဆိုတာကေတာ့ အမ်ိဳးသမီးအဖြဲ႕အစည္းေတြဘက္က အေရးတႀကီး ေစာင့္ၾကည့္ေနရတဲ့ အေနအထား ျဖစ္ေနပါတယ္။ ခင္စုၾကည္ (hiburma.net ဝက္ဘ္ဆိုက္မွ ျပန္လည္ေဖာ္ျပသည္။)
2 years Ago
Up