မုဒိမ်းမှု

December 22, 2020

မုဒိမ်းမှုတွေ များလာပြီ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သိုင်းပညာသင်သင့်ပါတယ် - မခင်ဘုန်းပွင့်စံ

မုဒိမ်းမှုတွေ၊ အမျိုးသမီး အကြမ်းဖက်ခံရမှုတွေ များလာတာကြောင့် အမျိုးသမီးတိုင်း မြန်မာ့ရိုးရာ မြန်မာ့သိုင်းပညာကို သင့်ထားသင့်တယ်လို့ ဖျာပုံမြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ ကျင်းပတဲ့ အွန်းလိုင်း မြန်မာ့သိုင်းစွမ်းရည် အငယ်တန်းပြိုင်ပွဲ ပထမဆုရရှိတဲ့ ကျောင်းသူလေးက တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့သိုင်းပညာကို တတ်ထားပါက မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်လို့ ပထမဆုရရှိခဲ့တဲ့ ကျောင်းသူလေး မခင်ဘုန်းပွင့်စံက ပြောပါတယ်။ နေလရောင်မြန်မာ့သိုင်းအဖွဲ့ကြီးကို တည်ထောင်ခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီ ဖြစ်ပြီး မျိုးဆက်သစ်လူငယ်တွေကို မြန်မာ့ရိုးရာ မြန်မာ့သိုင်းပညာ ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် လက်ဆင့်ကမ်း အမွေပေးသင်ကြားပေးနေတာလို့ သိုင်းဆရာကြီး ဦးလှသောင်းက ပြောပါတယ်။ ကိုဗစ်-၁၉ ကာလမှာ အားကစားပြိုင်ပွဲ ပြုလုပ်တာကြောင့် ကိုယ်ခံစွမ်းအားတွေ မြင့်တက်လာပြီး ကိုဗစ်ရောဂါကို ကာကွယ်နိုင်ဖို့ အွန်လိုင်း မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲကို ကျင်းပပေးရတာလို့ ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ပြောပါတယ်။ အွန်းလိုင်း မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲကို ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်တွေက ပြိုင်ပွဲဝင် မြန်မာ့သိုင်း အားကစားသမား ၃၇ ဦးဝင်ရောင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။  ပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီး ဓားတစ်လက်၊ နှစ်လက်ပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီး လက်သိုင်းစွမ်းရည် ပြိုင်ပွဲ၊ အငယ်တန်း စွမ်းရည်ပြိုင်ပွဲ စတဲ့ ပြိုင်ပွဲအမျိုးအစား ၅ မျိုး ကျင်းပခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကျော်စိုးမိုး
4 months Ago

June 20, 2020

ကလေးမြို့တွင် အသက် ၈၈ နှစ်အဘွားအိုအား မုဒိမ်းကျင့်ရန် ကြံစည်သူကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက် နယ်မြေ ၆ မှာ အသက် ၈၈ နှစ်အရွယ် အဘွားအိုတဦးအား မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့ အမျိုးသားတဦးကို ဖမ်းဆီးထားတယ်လို့ ကလေးမြို့မ ရဲစခန်းက ပြောပါတယ်။ ကလေးမြို့မ ရဲစခန်း ရဲအရာရှိတဦးက “ဖြစ်တာကတော့ ညနေပိုင်းမှာပါ။ အမယ်အိုရဲ့ သမီး ရေချိုးခန်းထဲ ရေချိုးနေစဉ် အမေအော်သံကြောင့် ထွက်ကြည့်တော့ အမယ်အိုပေါ် အမျိုးသား တစ်ယောက်ကို တွေ့ခဲ့လို့ အော်ဟစ် စုပြီး ဖမ်းခဲ့တာ” လို့ ပြောပါတယ်။ အဘွားအိုဟာ လေဖြတ်ဝေဒနာ ခံစားနေရသူ ဖြစ်ပြီး သမီးဖြစ်သူက တရားလိုပြုလုပ် တိုင်တန်းထားတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က သက်သေအဖြစ် အမယ်အိုရဲ့ ဘောင်းဘီနဲ့ ကြံစည်သူရဲ့ ပုဆိုးတို့ ရယူထားတယ်လို့ သိရပါတယ်။ အမယ်အိုကို ပြုကျင့်ဖို့ ကြံစည်သူဟာ မကွေးတိုင်း ချောက်မြို့ ဇာတိ ဇော်မင်းထွန်း ဆိုသူဖြစ်ပြီး သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ /၅၁၁ နဲ့ တရားစွဲဆိုနိုင်ရေး တာဟန်းရဲကင်းမှူး ဒုတိယရဲအုပ် ဇော်မိုးအောင်က စစ်ဆေးဆောင်ရွက်နေပါတယ်။ အမယ်အိုဟာ အဲ့ဒီနေ့က ဆေးရုံမှာ ဆုံးပါးသွားပြီလို့ သိရပါတယ်။  မင်းရဲစစ်နိုင်
10 months Ago
Up