မုတ်သုံလေ

July 6, 2019

မုတ်သုံလေ အားအလွန်ကောင်းနေ၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးမည်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့မှာ မိုးကြီးမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာ ကျဲကျဲ၊ မန္တလေးတိုင်းမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထချုန်းရွာမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်၊ ရေပြင်/မြေပြင်လေ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေလောက်ရှိနိုင်ပါတယ်။ နောက် ၂ ရက်မှာလည်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှ မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။ နေပြည်တော်နဲ့ ရန်ကုန် အနီးတ၀ိုက်တို့မှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးအသင့်အတင့် ထစ်ချုန်းရွာမှာဖြစ်ပြီး မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago

June 29, 2019

မုတ်သုံလေ အားကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းကြီးမည်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းကြီးမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်ဈ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုး သက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ ရေပြင်/မြေပြင်လေဟာ ၁ နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့နဲ့ အနီးတ၀ိုက်တွေမှာ နေရာကွက်ကျားနဲ့ မိုးအသင့်အတင့် ထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago
More News
Up