မုတ်သုံမိုး

May 22, 2018

သီရိလင်္ကာတွင် မိုးကြီး မြေပြို၊ လူ ၅ ဦး သေဆုံး

သီရိလင်္ကာနိုင်ငံမှာ မေလ ၂၀ ရက်နေ့က မုတ်သုံမိုး ကြီးခဲ့တာကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ  မိုးကြိုးပစ်မှုကြောင့်  ၃ ဦး၊ မြေပြိုမှုကြောင့် ၁ ဦးနဲ့ သစ်ပင်ပိမှုကြောင့် ၁ ဦး ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ နိုင်ငံတွင်းရှိ ရေတံခါးတွေကို ဖွင့်ခဲ့ပြီးနောက် အာဏာပိုင်တွေက မြေနိမ့်ဒေသတွေမှာ ရေကြီး မြေပြိုနိုင်တဲ့ အန္တရာယ်ရှိနိုင်ကြောင်း သတိပေးခဲ့တာပါ။ ရေကြီးမှုကြောင့် မြစ်ချောင်း ရေလျှံရာ ဒေသတွေမှာ နေထိုင်တဲ့ လူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပြီး ခရိုင် ၄ ခုမှာ မြေပြိုနိုင်တဲ့ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အရေးပေါ်အခြေအနေကို ဖြေရှင်းဖို့အတွက် လှေ ၂၅ စီးနဲ့ တပ်မတော်သား ၁၀၀ ကျော်ကို စေလွှတ်ထားတယ်လို့လည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ သီရိလင်္ကာတောင်ပိုင်း မုတ်သုံကာလဟာ မေလမှာ စတင်ပြီး စက်တင်ဘာလအထိ ကြာမြင့်တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း မုတ်သုံကာလကတော့ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်ပြီး မိုးကြီးတယ်လို့ သိရပါတယ်။
3 years Ago
Up