မုခ်ဦးအသစ်

April 28, 2021

ကျောက်မဲမြို့ မုခ်ဦးအသစ်တွင် ရှမ်းစာထည့်သွင်းပေးရန် မြို့မိမြို့ဖများ တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ မုခ်ဦးအသစ်မှာ ရှမ်းဘာသာနဲ့ စာရေး ထည့်သွင်းပေးဖို့ မြို့မိမြို့ဖတွေက တောင်းဆိုနေကြပါတယ်။ 

ဧပြီ ၂၂ ရက်က ဆီဘောက်ဆာကားတစ်စီးက  စည်းကမ်းမဲ့ လမ်းဖြတ်မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို တိမ်းရှောင်ခဲ့ရာမှာ ကျောက်မဲမြို့မုခ်ဦးကို ဝင်တိုက်မိခဲ့လို့မုဒ်ဦး ပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

ဒေသခံတစ်ဦးက " ကျောက်မဲမြို့က ရှမ်းပြည်နယ်မှာ မြို့တစ်မြို့ ဖြစ်ပါတယ်၊ ဒါကြောင့် ကျောက်မဲမြို့ကို ရှမ်းစာနဲ့ပါ ထည့်သွင်းပေးစေလိုတာပါ၊ ရှမ်းရိုးရာအရုပ်၊ ရှမ်းရိုးရာအိုးစည်ဗုံမောင်းတွေလည်း  ပါစေချင်ပါတယ် " လို့ ပြောပါတယ်။

ဒေသအာဏာပိုင်အဖွဲ့အစည်းက ကျောက်မဲမြို့မုခ်ဦးကို ဧပြီ ၂၅ ရက်က အပြီးဖြိုချခဲ့ကာ အသစ်တည်ဆောက်မယ့် မြို့မုခ်ဦးအသစ်ကို ကျောက်မဲမြို့ ပန်းခြံအနီးမှာ တည်ဆောက်သွားဖို့ စီစဉ်နေပါတယ်။

7 months Ago
Up