မီး​လောင်​ကျွမ်း

A d v e r t i s e m e n t With Us

June 7, 2019

မင်းလှမြို့နယ်​ ကုန်းကြီးဆီခြံကုန်းတွင် ​ရေနံစိမ်းလှယ်​ရာမှ မီး​လောင်​ကျွမ်း

မ​ကွေးတိုင်း​၊ မင်းလှမြို့နယ်​၊ ကုန်းကြီးဆီခြံကုန်းမှာ ဇွန်​လ ၆ ရက်​​နေ့ ​နေ့လယ်​ပိုင်းက ​ရေနံစိမ်းလှယ်​ရာက​နေ သံပိုက်​​ဂေါက်​တံနဲ့ ဆီ​လှောင်​သံကန်​ ပွတ်​တိုက်​မိပြီး မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်။ မီးသတ်​တပ်​ဖွဲဝင်​ ၁၁ ဦး၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​တွေ၊ ရဲတပ်​ဖွဲဝင်​တွေ ဒေသခံတွေ ပူး​ပေါင်းပြီး မီးသတ်​ယာဉ်​ ၂ စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ပြီး နေ့လယ် ၁ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မင်းလှမြို့နယ်​ မီးသတ်​ဦးစီးဌာန လက်​​ထောက်​မြို့နယ်​ဦးစီးမှူး ဦးဟိန်း​ဇော်​လင်းက ပြောပါတယ်။ ​စစ်​​ဆေးချက်အရ မီးလောင်တဲ့ခြံဟာ မင်းလှမြို့​နေ မယုလဲ့ရဲ့ဆီခြံဖြစ်​ပြီး ​မောင်​​တော်​စပ်​သူ ခြံတာဝန်​ခံ မျိုးမင်းလတ်​ရဲ့​ပေါ့​လျော့မှု​ကြောင့်​ ​လောင်​ကျွမ်းတာဖြစ်ကြောင်း  မင်းလှမြို့မရဲစခန်းမှူးက ပြောပါတယ်။ “အုတ်​ကန်​ထဲရှိ ​ရေနံစိမ်း​တွေကို ​ရေနံ​လှောင်​ သံကန်​ထဲကို လှယ်​တဲ့အချိန်​မှာ ဆီလှယ်​ပိုက်​ထိပ်မှာ တပ်​ထားတဲ့ သံ​ဂေါက်​နဲ့ သံကန်​ ပွတ်​တိုက်​မိပြီး မီး​လောင်​ကျွမ်းခဲ့တာပါ။ မီး​လောင်​ကျွမ်းမှု​ကြောင့်​ ​ရေနံစိမ်း ဂါလန် ၂၅၀၊ ဆီလှယ်​ပိုက်​တချောင်း၊ ကာလတန်​ဖိုး ၅၇၀၀၀၀ ကျပ်​လောက် မီး​လောင်​ဆုံးရှုံးခဲ့တယ်​။" ဖြစ်​စဉ်​နဲ့ပတ်​သက်လို့ ဆီခြံတာဝန်​ခံ မျိုးမင်းလတ်​ကို မင်းလှမြို့မရဲစခန်းမှာ မီး​ပေါ့ဆမှု ရာဇသတ်ကြီးဥပ​ဒေပုဒ္မ-၂၈၅ နဲ့ အ​မှုဖွင့်​ အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ အဆိုပါ ကုန်းကြီးဆီခြံကုန်းမှာ ပြီးခဲတဲ့ ​မေလ ၂၂ ရက်​​နေကလည်း ​ရေနံစိမ်းလှယ်​ရာက​နေ ဆီ​သယ်ေ​ဘာက်​ဆာယာဉ်​ ၂ စီးရဲ့ အစိတ်​ပိုင်းတချို့ မီး​လောင်​ကျွမ်းပြီး ကျပ်​သိန်း ၃၀၀ ​ကျော်​ဖိုး မီး​လောင်​ဆုံးရှုံးခဲ့တာပါ။ သတင်း-မင်းထီး
2 years Ago
Up