မီးရှုးမီးပန်းစက်ရုံပေါက်ကွဲ

July 25, 2015

အီတလီနိုင်ငံ ဘာရီမြို့ရှိ မီးရှုးမီးပန်းစက်ရုံပေါက်ကွဲ၊ ၇ ဦးသေဆုံး (ရုပ်သံ)

အီတလီနိုင်ငံတောင်ပိုင်းက ဘာရီမြို့မှာ ဇူလိုင် ၂၄ ရက်နေ့က မီးရှုးမီးပန်းစက်ရုံပေါက်ကွဲမှုကြီးဖြစ်ပြီး အနည်းဆုံး လူ ၇ ယောက် သေဆုံးတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။ လူတချို့လည်း ဒဏ်ရာရရှိခဲ့ကြပြီး ၂ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ပထမပိုင်းစက်ရုံမှာ ပေါက်ကွဲမှုတွေ အတွဲလိုက်ဖြစ်ခဲ့ပြီး နောက်ပိုင်း မီးလောင်ကျွမ်းခဲ့တာမှာ စက်ရုံအနီးက သစ်တောကိုပါ ကူးစက်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ပေါက်ကွဲမှု ဖြစ်ရခြင်းအကြောင်းရင်းကို ရဲက စုံစမ်းနေဆဲဖြစ်ပါတယ်။ လတ်တလောကာလဟာ အီတလီနိုင်ငံတ၀န်းမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေချိန်ဖြစ်လို့ စက်ရုံဟာ လက်မလည်အောင် ထုတ်လုပ်နေရချိန်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
6 years Ago
Up