လျှပ်စစ်မီးပြတ်တောက်တဲ့အတွက် ခရိုင်းမီးယားက ဖဲရီးတေးလ် တရိစ္ဆာန်ရုံက တရိစ္ဆာန်တွေကို နွေးထွေးဖို့ စောင်တွေနဲ့ အနွေးထည်တွေ ပေးဝေခဲ့ပါတယ်။
ယူကရိန်းတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး တရိစ္ဆာန်တွေ ထားတဲ့နေရာတွေကို အနွေးဓာတ် မပေးနိုင်လို့ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မျောက်တွေကို အင်္ကျီတွေ အနွေးထည်တွေပေးပြီး အေးစက်တဲ့ ရာသီဥတုမှာ သူတို့ နွေးနွေးထွေးထွေး နေနိုင်ပြီး ရာသီဥတုဒဏ်ကို ခံနိုင်မယ်လို့ တရိစ္ဆာန်ရုံ ၀န်ထမ်းက ပြောပါတယ်။
တရိစ္ဆာန်ရုံက တချို့ တရိစ္ဆာန်တွေက အပူပိုင်းဒေသက ဖြစ်ပြီး အေးတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေနေဖို့ ရုန်းကန်နေရပါတယ်။
နိုဝင်ဘာ ၂၇ ရက်မှာတော့ ဒီဒေသမှာ အပူချိန် ဆဲလ်ဆီးပယ် ၁၂-၁၅ ဒီဂရီပဲရှိနေပါတယ်။
တာဝါတိုင် ၄ ခု ပျက်စီးသွားပြီး ပြင်ဆင်ပေးဖို့အတွက် ဆုံးဖြတ်ချက်တွေ လိုအပ်နေတယ်လို့ အင်ဂျင်နီယာတွေက ပြောပါတယ်။
7 years Ago