မီးခြစ်ဆံ

A d v e r t i s e m e n t With Us

June 22, 2019

အင်ဒိုနီးရှား မီးခြစ်ဆံစက်ရုံ မီးလောင်၊ လူ ၃၀ ထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမာတြား ပြည်နယ်မှာ ဇွန် ၂၁ ရက်က မီးခြစ်ဆံစက်ရုံငယ်တခု  မီးလောင်ခဲ့တဲ့အတွက် လူအယောက် ၃၀ ထက်မနည်း သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။ သေဆုံးသူတွေဟာ လူကြီး ၂၇ ယောက်နဲ့ ကလေး ၃ ယောက် ဖြစ်တယ်လို့ သိရပါတယ်။  မီင်္းခြစ်ဆံ စက်ရုံငယ်ဟာ လူနေရပ်ကွက်အတွင်း တည်ရှိပြီး နေ့လယ်ပိုင်းအချိန် မီးလောင်ခဲ့တယ်လို့ ပြည်နယ်ဘေးအန္တရာယ်လျှော့ချရေး အကြီးအကဲက ပြောပါတယ်။ ရဲတပ်ဖွဲ့က မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ စက်မှုလုပ်ငန်း ဘေးကင်းရေး စံချိန်စံညွှန်းတွေမှာ အားနည်းချက်နဲ့ ယိုပေါက်တွေ ရှိနေပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း  ဂျကာတာမြို့ ဆင်ခြေဖုံးရှိ မီးပန်းစက်ရုံတခုမှာ မီးလောင်မှုကြောင့်  အလုပ်သမား ၄၇ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
2 years Ago
Up