မီးကြောင့် ပိတ်မိနေသော အမျိုးသမီးကို ကယ်တင်သည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့

A d v e r t i s e m e n t With Us

February 20, 2016

မီးကြောင့် ပိတ်မိနေသော အမျိုးသမီးကို ကယ်တင်သည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့

မီးကြောင့် ၃ ထပ်တိုက် လေသာဆောင်မှာ ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ပစ္စည်းတွေပို့တဲ့ အမျိုးသားတဦးက ကယ်တင်လိုက်တဲ့ ရုပ်သံဖိုင်ဟာ တရုတ်လူမှုရေးကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ တရုတ်နိုင်ငံ ဟူဘေးခရိုင် ဂျိုင်ယု စီရင်စီမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ် ဇန်ယန်က တတိယထပ် မီးခိုးတွေကြားထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးကို မြင်ပြီးတဲ့နောက် ပစ္စည်းတွေကို ချပြီး ကယ်တင်ခဲ့တာလို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ စီစီတီဗွီရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ အရင်က ရဲတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ဇန်ယန်က ရေပိုက်ကနေ တဆင့် လေသာဆောင်ကို ခိုတက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ပြတင်းပေါက်ကို တံတောင်ဆစ်နဲ့ ချိုးဖျက်ပြီး အမျိုးသမီးကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up