မီးလောင် (ရုပ်သံ)

January 13, 2019

ကလေးမြို့ ပရိဘောဂလုပ်ငန်းနေအိမ် အင်ဗာတာအပူလွန်ကဲရာမှ မီးလောင် (ရုပ်သံ)

ကလေးမြို့၊ စမ်းမြို့ရပ်ကွက် နယ်မြေ ၁၀ မှာ ဇန်နဝါရီ ၁၂ ရက်နေ့ ညပိုင်း ၇ နာရီကျော်လောက်က အင်ဗာတာ အပူလွန်ကဲရာကတဆင့် ပရိဘောဂလုပ်ငန်း နေအိမ်တလုံးနဲ့ ရက်ကန်းစင်ရုံ မီးလောင်ကျွမ်းခဲ့ပါတယ်။ “မီးလောင်နေတုန်း ခဏပဲ မီးသတ်ကားတွေရောက်လာပေမယ့် မီးက လောင်စာအားကောင်းတော့ တော်တော်နဲ့ မသတ်နိုင်ဘူး။ အကုန်လောင်သွားတယ်” လို့ မီးလောင်မှုဖြစ်ပွားရာ နေရာရောက်ရှိခဲ့တဲ့ ဦးလားရာက ပြောပါတယ်။ မီးလောင်မှုကြောင့် ငွေကျပ် ၁၂၃၀၀၀၀ ဆုံးရှုံးခဲ့ပြီး နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးလားအွန်ပွီးယာ ကို ကလေးမြို့ ရဲစခန်းက ပုဒ်မ ၇၀/၂၀၁၉ (၂၈၅) နဲ့ စစ်ဆေး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။   မင်းရဲစစ်နိုင်
3 years Ago

May 6, 2018

ဗြိတိန်အဝေးပြေး လမ်းမကြီးအနီးတွင် လော်ရီကားတစီး မီးလောင် (ရုပ်သံ)

ဗြိတိန်ရဲ့အစည်ကားဆုံး လမ်းမကြီး ၂ ခုပေါ်မှာ မေလ ၅ ရက်နေ့ နေ့လယ်က ကားတိုက်မှုဖြစ်ပြီး လော်ရီကားကြီး တစီး မီးလောင်နေလို့ အားလပ်ရက်ခရီးထွက်သူတွေရဲ့ ကားတန်းကြီးထဲ ပိတ်မိခဲ့တယ်လို့ ဒေးလီးမေးသတင်းမှာ ဖော်ပြထားပါတယ်။ လမ်းမကြီး ၂ ခုလုံးနဲ့ နီးတဲ့နေရာမှာ လော်ရီကားကြီး မီးလောင်နေလို့ အမ်-၆၂ လမ်းမကြီးပေါ်က ကားသမားတွေ အကုန်ရပ်တန့်လိုက်ရသလို လမ်းမကြီး ၃ လမ်း ပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံ အဝေးပြေးလမ်းမ ဌာနက “ကားတစီးထဲက လူနာတယောက်ကို ဖယ်ထုတ်နေရချိန်မှာ အမ်-၂၅ လမ်းပေါ်က ယာဉ်ကြောတွေအားလုံးကို ပိတ်ထားပါတယ်။ အဲ့ဒီကိစ္စ မပြီးရင် မီးပွိုင့်ကို ပြန်ဖွင့်လို့ ရမှာ မဟုတ်ဘူး” လို့ တွစ်တာပေါ်မှာ ရေးထားပါတယ်။
3 years Ago
More News
Up