မီးလောင်ပြီး ကရိန်းပြိုကျ

A d v e r t i s e m e n t With Us

February 24, 2016

မီးလောင်ပြီး ကရိန်းပြိုကျ (ရုပ်သံ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကရိန်းတခု မီးလောင်ပြီး လမ်းပေါ်ကို ပြိုကျခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တစုံတဦးမှ ထိခိုက်နာကျင်မှု မရှိခဲ့ပေမယ့် ကရိန်းကို ထိန်းထားတဲ့ကြိုး ပျက်စီးခဲ့တာကြောင့် ကားတစီး ပျက်စီးခဲ့ပါတယ်။ ကရိန်းပြိုကျတဲ့အချိန်မှာ လူတွေ အမြောက်အမြား ရှိနေပြီး အန္တရာယ် ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်ကား အနည်းဆုံး ၁၃ စီး ရောက်ရှိခဲ့သလို ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ ကရိန်းအောက်ခြေရှိ မော်တာကတဆင့် မီးလောင်တာဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
5 years Ago
Up