မီးလောင်နေသည့်ကားထဲက ဒဏ်ရာရသူ ၁ ဦးကို အမေရိကန်ရဲ ကယ်တင်

February 2, 2018

မီးလောင်နေသည့်ကားထဲက ဒဏ်ရာရသူ ၁ ဦးကို အမေရိကန်ရဲ ကယ်တင် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် အောက်ကလန်စီရင်စုက လက်ထောက်ရဲအရာရှိတဦးဟာ မီးလောင်နေတဲ့ ကားထဲကနေ ဒဏ်ရာရသူတဦးကို ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီရဲအရာရှိက မီးလောင်ပျက်စီးနေတဲ့ ကားရဲ့ လေကာမှန်ကိုခွဲပြီး ကားထဲက ယာဉ်မောင်းကို ဆွဲထုတ်ခဲ့တာပါ။ ဒီဖြစ်စဉ်ကို ရဲကား လေကာမှန်မှာတပ်ထားတဲ့ ကင်မရာကနေ ရိုက်ယူထားခဲ့တာပါ။ မီးလောင်ပျက်စီးတဲ့ကားဟာ လမ်းဘေးကို ထိုးမကျခင်အထိ အရှိန်လွန်မောင်းနေခဲ့လို့ ရဲကားက နောက်ကနေ လိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ယာဉ်မောင်းဟာ အသက် ၁၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူ့ခြေထောက်ကျိုးသွားပြီလို့ ရဲကိုပြောတာကို ကင်မရာကနေ အသံဖမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီယာဉ်မောင်းဟာ ဆေးခြောက်နဲ့ အရက် သုံးထားတာကို တွေ့ရှိတဲ့အတွက် ကယ်ဆယ်ပြီးတဲ့နောက် ရဲက ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up