မီးလောင်အိမ်ပေါ်မှ ကလေး ၃ ဦးကို အောက်ပစ်ချ ကယ်တင်ခဲ့သည့် မိခင် (ရုပ်သံ)

May 5, 2016

မီးလောင်အိမ်ပေါ်မှ ကလေး ၃ ဦးကို အောက်ပစ်ချ ကယ်တင်ခဲ့သည့် မိခင် (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံ ပြုံးတိတ်က တိုက်ခန်းတခု မီးလောင်ကျွမ်းနေရာမှာ မိခင်ဖြစ်သူဟာ ၄ ထပ်တိုက်ပေါ်ကနေ ကလေး ၃ ဦးကို အောက်ကနေ စောင့်ဆိုင်း ကယ်တင်နေတဲ့သူဆီကို ပစ်ချပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ ၂ လွှာမှာ မီးလောင်ပြီး မီးခိုးလုံးတွေ ထွက်လာရာမှာတော့ ၄ ထပ်တိုက်ထဲမှာ မိခင်နဲ့ ကလေး ၃ ဦးက ပိတ်မိနေတာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပြတင်းပေါက်ကနေတဆင့်  ၇ လ၊ ၃ နှစ်နဲ့ ၄ နှစ်ကလေးတွေကို မိခင်က တိုက်အောက်မှာ စောင်နဲ့ခံပြီး စောင့်ဆိုင်းနေတဲ့ လူအုပ်ဆီကို ပစ်ချလိုက်ပါတယ်။ ဒီနောက် အသက် ၃၀ မိခင် ကိုယ်တိုင်လည်း ပြတင်းပေါက်ကနေတဆင့် ခုန်ချခဲ့ပါတယ်။ ဒီလိုခုန်ချခဲ့ပေမယ့် တဦးတယောက်မှ ဒဏ်ရာရရှိတာ မရှိဘူးလို့ မီးသတ်ဌာနက မေ ၄ ရက်က ထုတ်ပြန်ပါတယ်။ မိခင်ဟာ နိုင်ဂျီးရီးယားကနေ ကိုရီးယားကို လာရောက်နေထိုင်သူ ဖြစ်တယ်လို့လည်း သတင်းတွေက ရေးပါတယ်။ ဒီဖြစ်ရပ်ကို ဖုန်းနဲ့ မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်လည်း အင်တာနက်မှာ ပျံ့နှံ့သွားပါတယ်။
6 years Ago
Up