မီးလောင်မှု ဖြစ်ပွား

December 24, 2017

လန်ဒန်မြို့ရှိ တိရစ္ဆာန်ရုံတရုံ မီးလောင်မှု ဖြစ်ပွား

ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက လန်ဒန်မြို့ရှိ လန်ဒန်တိရစ္ဆာန်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမား ၇၀ ကျော် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မနက် ၆ နာရီကျော်က တိရစ္ဆာန်ရုံရှိ  Animal Adventure အပိုင်းကနေ မီးစတင်လောင်ခဲ့ပြီးနောက် အနီးရှိ Adventure ကဖေး နဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်တို့ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ တိရစ္ဆာန်တွေကို အစာကျွေးတဲ့နေရာအနီးမှာ မီးလောင်ကျွမ်းခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရ သူ မရှိဘူးလို့ လန်ဒန် မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ မီးလောင်မှုကြောင့် ကဖေးနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင် လေးပုံသုံးပုံခန့် ပျက်စီးခဲ့ရပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရ သေးဘူးလို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ လန်ဒန် တိရစ္ဆာန်ရုံ မီးလောင်မှုကြောင့်  အာဖရိက တောဝက်တကောင် သေဆုံးခဲ့ရပြီး တောင်အာဖရိက မြွေပါ ၄ ကောင်လည်း သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

September 19, 2017

မောတောင်မြို့တွင် ပရိဘောဂအလုပ်ရုံ မီးလောင်မှု ဖြစ်ပွား

တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က ပရိဘောဂအလုပ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့  မောတောင်ရဲစခန်းက သိရပါတယ်။ မောတောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ စိန်ပန်းနီလမ်းရှိ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် ပရိဘောဂအလုပ်ရုံဝင်းအတွင်းရှိ ဂိုဒေါင်အမှတ် (၁) မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ "ဂိုဒေါင်စောင့် အလုပ်သမား ဇော်နိုင်(၃၄-နှစ်) ဆေးလိပ်မီးပေါ့ဆမှုကြောင့် ဂိုဒေါင်နားက လွှစာမှုန့်ပုံပေါ်ကို မီးပွားကျပြီး စတင်လောင်ပါတယ်။ ဒီကတဆင့် ဘေးမှာ နေကာထားတဲ့ အစိမ်းပိုင်းကို မီးစွဲလောင်ပြီး အထဲက အလျား ၅ ပေခွဲ၊ အနံ ၁ ပေခွဲရှိတဲ့ ခုံတန်းရှည် အလုံး ၄၀ နဲ့ (4' × 2') အုတ်ကြွတ်ပြား အပြား၂၀ ဆုံးရှုံးသွားတယ်"လို့ မောတောင်စခန်းမှူး ရဲအုပ်အေးနိုင်က ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် မောတောင်မြို့မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး စိုးမိုးအောင်နဲ့အဖွဲ့၊ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၁ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသူ ဇော်နိုင် (၃၄-နှစ်)ကို မောတောင်ရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
4 years Ago
More News
Up