မီးလောင်မှု လူ ၄၀ ခန့် သေဆုံး

A d v e r t i s e m e n t With Us

December 4, 2016

အမေရိကန်တွင် နိုက်ကလပ်တခု မီးလောင်မှု လူ ၄၀ ခန့် သေဆုံး(ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အော့ကလန် Oakland မြို့မှာ သောကြာနေ့ညက nightclub တခု မီးလောင်ခဲ့ပြီး သေဆုံးသူ ၄၀ လောက်ရှိနိုင်တယ်လို့ အာဏာပိုင်တွေ ပြောကြားပါတယ်။ လောလောဆယ် အာဏာပိုင်တွေ လူ ၉ ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုပြောဆိုထားပေမယ့် သေဆုံးသူအယောက် ၄၀ လောက်အထိ ရှိလာနိုင်တယ်လို့ပြောဆိုပါတယ်။ မီးလောင်ချိန်မှာ ကလပ်ထဲမှာလူ ၅၀ ကနေ ၁၀၀ ကြားရှိနိုင်တယ်လို့လည်း အော့ကလန်မြို့ မီးသတ်အရာရှိချုပ်ကပြောဆိုပါတယ်။ ကလပ်မှာ မီးလောင်မှုအရေးပေါ် အလိုအလျှောက်ရေဖြန်းစနစ် တပ်ဆင်ထားတာမတွေ့ရသလို မီးသတ်တပ်ဖွဲ့တွေ ရောက်သွားချိန်မှာလည်း မီးလောင်မှုအချက်ပေးစနစ် တခုမှမတွေ့ရဘူးလို့လည်း ပြောဆိုပါတယ်။ အရင်က ကုန်လှောင်ရုံတခုကို Nightclub အဖြစ်ပြောင်းလဲထားတာဖြစ်ပြီး အပေါ်ထပ်က ဆင်းစရာလှေကားကလည်း တခုပဲရှိတယ်လို့လည်း  မီးသတ်အရာရှိကပြောဆိုပါတယ်။ ဒီအဆောက်အဦဟာလည်း လူနေထိုင်ခွင့် စည်းမျဉ်းဥပဒေနဲ့ ကိုက်ညီမှုရှိမရှိလည်း အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။
4 years Ago
Up