မီးလောင်မှုကြီး

July 1, 2018

မီးလောင်မှုကြီးကို အချိန်မီတားဆီသည့် ဆီဆိုင်ဝန်ထမ်းများကို ယွမ်ငွေ ၈ သိန်း ချီးမြှင့်

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ  မီးလောင်မှုကြီးတခုကို အချိန်မီ တားဆီးလိုက်နိုင်တဲ့ ဓာတ်ဆီဆိုင် ဝန်ထမ်း ၇ ဦးကို ယွမ်ငွေ ၈ သိန်း ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။ ဇွန်လ ၁၆ ရက်နေ့က ချန်ရှားမြို့ရှိ ဓာတ်ဆီဆိုင်ဆီဖြည့်စက်ကို ကားတစ်စီး ဝင်တိုက်မိပြီးနောက် မီးလောင်ခဲ့ပါတယ်။ အဲဒီအခါ  ဆီဆိုင်ဝန်ထမ်းတဦးက အရေးပေါ်ဓာတ်အားလိုင်းကို ပိတ်ပြီး တခြား လူတွေကိုလည်း မီးတွေနဲ့ ဆီဘားတွေကို ပိတ်ဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် ဆိုင်ဝန်ထမ်း ၇ ဦးဟာ သင်တန်းပေးထားတဲ့အတိုင်း ၇ စက္ကန့်အတွင်း  လျှပ်စစ်ဓာတ်အားလိုင်းတွေကို ပိတ်ခဲ့ပြီး ၁၁ စက္ကန့်အတွင်း လူတွေကို ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ၃၈ စက္ကန့်အတွင်း မီးကို ငြှိမ်းသတ်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ချိန်မှာ ယာဉ် ၃၁ စီး၊ လူ ၁ဝဝ ကျော်နဲ့ လီတာ ၄ သောင်းဆံ့ လောင်စာ ဆီတင်ယာဉ်တွေ ရှိတယ်လို့ ဆီဆိုင်မန်နေဂျာက ပြောပါတယ်။ အဲဒီအတွက်  ချန်ရှားမြို့ မြူနီစီပယ် အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက အဆိုပါ တာဝန်သိ ဆီဆိုင်ဝန်ထမ်း ၇  ဦးကို ယွမ်ငွေ ၈ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up