မီးလောင်မှုဖြစ်ပွား

A d v e r t i s e m e n t With Us

September 11, 2017

မော်လမြိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့၊ သီရိမင်္ဂလာ (၁၆) လမ်းမှာ ဒီနေ့မနက် ၉ နာရီလောက်က မီးအားမြှင့်စက် အပူလွန်ကဲပြီး လူနေအိမ်အပါအ၀င် မော်တော်ကားတွေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မုပွန်နယ်မြေရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ အဆိုပါနေအိမ်ရှိ အိမ်ရှင်တွေ ခရီးသွားနေချိန် ဒေါ်မော်စီရဲ့ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အစ်မဖြစ်သူ ဒေါ်ဝေေ၀နွယ်က ကလေးကျောင်းပို့နေချိန် မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ မီးသတ်ယာဉ် ၈ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။ “သူ့အိမ်တလုံးရယ်၊ ဘေးကပ်လျက် အိမ်တလုံးရယ် မီးလောင်သွားတာပါ။ မီးကူးစပ်လောင်ခံရတဲ့ အိမ်က ဖက်မိုး၊ ပျဉ်ကာ ပျဉ်ခင်း နဲ့ မီးစလောင်တဲ့အိမ်က သွပ်မိုး၊ ပျဉ်ကာ ပျဉ်ခင်းပါ။ ၉ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်” လို့ ခရိုင်မီးသတ်တပ်ဖွဲ့က လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင် က ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ၂ လုံး၊ ဟွန်ဒါဖစ် ကားတစီး၊ မော်တော်ဆိုင်ကယ်တစီး၊ စက်ဘီးတစီးအပါအ၀င် စုစုပေါင်း ကာလတန်ဖိုး ၈၇ သိန်း၊ ၄ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ် လို့ သိရပါတယ်။ သတင်း-အာကာမင်း ဓာတ်ပုံ-မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့
3 years Ago

August 2, 2017

မုံရွာတွင် ငုံးမွေးမြူရေးခြံ မီးလောင်မှုဖြစ်ပွား

မုံရွာမြို့၊ ရွှေပြည်အေးရပ်ကွက်၊ နယ်မြေ ၁၃ ငုံးမွေးမြူရေးဇုန်၊ ကွင်းအမှတ် ၁၄ ဦးစည်သူကျော်ပိုင်ဆိုင်တဲ့ ငုံးမွေးမြူရေးခြံမှာ ဩဂုတ် ၁ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ငုံးအစာကြိတ်စက်မော်တာ အပူလွန်ကဲရာက မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်ကား ၉ စီး လာရောက်ငြှိမ်းသတ်ခဲ့ကာ ၅ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၃၂ သိန်းကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ငုံးခြံအတွင်း မွေးမြူထားတဲ့ ငုံးကောင်ရေ ၁၂၀ နဲ့ ငုံးဥတွေ သေကျေပျက်စီးခဲ့ပြီး အဆောက်အဦတ၀က်လည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက (ပ)၈၅၃/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရအမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ မုံရွာမြို့ ငုံးမွေးမြူရေးဇုန်မှာ မွေးမြူရေးလုပ်ငန်းရှင် (၃၄) ဦး၊ ငုံးခြံ (၃၉) ခြံ၊ ငုံးကောင်ရေ ၃၅၈၀၀၀ ကောင် မွေးမြူထားတယ်လို့ မုံရွာခရိုင်မွေးမြူရေးနဲ့ ကုသရေးစာရင်းတွေအရ သိရပါတယ်။
4 years Ago
More News
Up