မီးလောင်ပျက်စီးသွားသည့် မီးသတ်သမားမျက်နှာ ခွဲစိတ်မှု အောင်မြင်

A d v e r t i s e m e n t With Us

April 17, 2019

မီးလောင်ပျက်စီးသွားသည့် နော်ထရီဒမ်း ဘုရားကျောင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်း  

ပြင်သစ်နိုင်ငံ ပဲရစ်မြို့သူမြို့သား ကတ်သလစ်ဘာသာဝင်တွေဟာ မီးလောင်ပျက်စီးခဲ့တဲ့ နော်ထရီဒမ်း ဘုရားကျောင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဓမ္မတေးဆို ဆုတောင်းပွဲကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့ မြို့သူမြို့သားတွေဟာ စိန့်ဆူပီး ဘုရားကျောင်းကနေ ငြိမ်သက်စွာ ချီတက်ပြီး စိန့်မစ်ချယ် ရင်ပြင်မှာ စုဝေးကြပါတယ်။ အလယ်ခေတ်လက်ရာ နော်ထရီဒမ်း ဘုရားကျောင်းကြီးဟာ ဧပြီလ ၁၅ ရက်နေ့ မီးလောင်မှုအတွင်း ခေါင်မိုးပျက်စီးပြီး ခေါင်ချွန်ပြိုကျခဲ့ပါတယ်။ ဒါပေမဲ့ မီးသတ်သမား ၄၀၀ ကျော် မီးကို ကြိုးစားငြှိမ်းသတ်တာကြောင့် မီးစလောင်ပြီး ၁၄ နာရီအကြာမှာ အဖိုးတန် ယဉ်ကျေးမှု အနုပညာ အမွေအနှစ်တွေ မပျက်စီးပဲ မီးငြှိမ်းသတ် နိုင်ခဲ့ပါတယ်။ ဘုရားကျောင်းမီးလောင်သွားတဲ့ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲအနီး ဖြတ်သန်းမောင်းနှင်သွားတဲ့ မီးသတ်ကားတစီးကို ပွဲမှာ ပါဝင်သူတွေက လက်ခုပ်သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- AP
2 years Ago

November 18, 2015

မီးလောင်ပျက်စီးသွားသည့် မီးသတ်သမားမျက်နှာ ခွဲစိတ်မှု အောင်မြင် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု မစ္စစ္စပီက မီးဘေးကယ်ဆယ်ရေး လုပ်ဆောင်စဉ်မှာ မီးလောင်ပျက်စီးသွားတဲ့ စေတနာ့ဝန်ထမ်း မီးသတ်သမားရဲ့ မျက်နှာကို အောင်မြင်စွာ အစာထိုး ကုသပေးခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ ရက်က အောင်မြင်စွာ အစားထိုး ကုသပေးတဲ့ ဖြစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးသော မျက်နှာခွဲစိတ်မှုလည်း ဖြစ်ခဲ့ပါတယ်။ ခွဲစိတ်မှုကို နယူးယောက်တက္ကသိုလ် လန်ဂေါင်း ဆေးပညာဌာနမှာ သြဂုတ်လက ၂၆ နာရီကြာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၁ နှစ်ရှိ ပက်ထရစ် ဟာဒီဆန်က အမေရိကန် ဘရွတ်ကလင်မှာ စက်ဘီးစီးရင်း မတော်တဆမှုနဲ့ သေဆုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် ဒေးဗစ် ရိုဒီဘတ်ရဲ့ မျက်နှာနဲ့ အစားထိုး ကုသခဲ့တာ ဖြစ်ပါတယ်။ ရိုဒီဘတ်ရဲ့ မိခင်က သားရဲ့မျက်နှာကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကြောင့် ဟာဒီဆန်က မျက်တောင်ခတ်နိုင်ပြီ ဖြစ်သလို မျက်စိကိုလည်း ပိတ်ပြီး အိပ်စက်နိုင်ပြီ ဖြစ်ပါတယ်။ ဒီလို မျက်နှာအစားထိုး ကုသဖို့အတွက် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ ၁၅၀ လောက် ပါဝင်ခဲ့ပါတယ်။ ဟာဒီဆန်က မီးလောင်ရာမှာ ကယ်ဆယ်ရေး လုပ်ဆောင်စဉ် မီးလောင်ကျွမ်းပြီး မျက်နှာတခုလုံး ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up