မီးလောင်ကျွမ်းမှုဖြစ်ပွား

April 8, 2017

ရေးမြို့နယ်တွင် ငါးဖမ်းလှေတစီး ဆေးလိပ်မီးမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု အဘော်ကျားတန်းရှိ ချောင်းထဲမှာ ဦးသိန်းစိုး ပိုင်ဆိုင်တဲ့ ပင်လယ်ငါးဖမ်းစက်လှေတစီး ဧပြီ ၈ ရက်နေ့ မနက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ညစောင့်အဖြစ် ထားရှိတဲ့ ရေလုပ်သား သန့်ဇင်ဆိုသူက ဆေးလိပ်သောက်ပြီး မီးစွဲနေတဲ့ ဆေးလိပ်တိုကို ငါးဖမ်းငါးသယ်လှေရဲ့ ပေါင်းမိုး ခေါင်းမိုးပေါ် တင်ထားရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။ အနီးပတ်ဝန်းကျင်က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြလို့ မိနစ်အနည်းငယ်အတွင်း ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘဲ ရှုံးမှုတန်ဖိုးက ၃၀၀၀ ကျပ်သာ ရှိတယ်လို့ ရေးမြို့မရဲစခန်း ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။ မီးကို ပေါ့ဆစွာအသုံးပြုသူ သန့်ဇင်ကို ဒုရဲအုပ်ဒါးရှင်းခိုက်က တရားလိုပြုလုပ်တိုင်တန်းကာ ရေးမြို့မ ရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ နေမျိုးထွဋ်(ရေး)
5 years Ago

March 29, 2017

ရပ်​​စောက်​မြို့တွင် ဘုန်းကြီး​ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား (ရုပ်သံ)

ရှမ်းပြည်နယ် ရပ်စောက်မြို့ တောင်ကွက်သစ်ရက်ကွက် အင်းခေါင်း ဘုန်းကြီးကျောင်း မတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ “အစကတော့ လူတွေက မီးရှို့တယ်လိုပဲ ထင်နေကြတယ်။ ဘုန်းကြီးကျောင်း မီးလောင်တယ်လို့ ပြောတော့ ဘယ်သူမှ ကပ်လို့မရတော့ဘူး။ မီးသတ်တွေနဲ့ အားလုံးဝိုင်းငြိမ်းတော့မှ ၇ နာရီလောက် ငြိမ်းသွားတာ။ လောင်တာက ပင်မကျောင်းဆောင်လောင်သွားတယ်။ အဲထဲမှာတော့ ပစ္စည်းတွေတော့ ပါသွားတာပေါ့။ ထိုင်ကိုယ်တော် ရုပ်တု ၂ ပါးအပါအဝင်ပေါ့။ ဘုန်းကြီးကတော့ အသက်ကြီးလို့ နည်းနည်းလန့် လို့ ဆေးရုံပို့ထားရတယ်။” လို့ ရပ်စောက် ဒေသခံ ကိုမိုက်က ပြောပါတယ်။ လျှစ်စစ်ရေအိုးနွေးအိုး တည်ထားရာမှတဆင့် ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ အဆိုပါ မီးဟာအဆင့်ဆင့် လောင်ကျွမ်းမှု ပြင်းထန်ခဲ့ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေ မီးသတ်ယာဉ် ၆ စီးနဲ့ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့အတွက် မီးကို ငြိမ်းသက်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ သိရပါတယ်။ သတင်း - နိုင်နိုင် ရုပ်သံ - Mike M MA's Facebook
5 years Ago
Up