မီးလောင်ကားပေါ်မှအမျိုးသားကို အသက်နှင့်ရင်း ကယ်တင်သည့် ရဲအရာရှိနှစ်ဦး (ရုပ်သံ)

A d v e r t i s e m e n t With Us

March 12, 2016

မီးလောင်ကားပေါ်မှ အမျိုးသားကို အသက်နှင့်ရင်း ကယ်တင်သည့် ရဲအရာရှိနှစ်ဦး (ရုပ်သံ)

မီးလောင်ပြီး ပေါက်ကွဲခါနီး ကားထဲက အမျိုးသားတဦးကို ကယ်တင်လိုက်တဲ့ အမေရိကန် ပြည်ထောင်စု မာရီလန်းက ရဲအရာရှိ ၂ ဦးကို သူရဲကောင်းတွေ အဖြစ် ချီးကျူးနေပါတယ်။ စက်တင်ဘာလက ကားမီးလောင်တဲ့ ဖြစ်ရပ်မှာ လူတဦးကို ကယ်တင်လိုက်နိုင်တဲ့အတွက် မတ် ၁၁ ရက်မှာတော့ အရာရှိ ကိုဒီဖီလ်းနဲ့ ဘရိုင်ယန်နက်စ်ဘစ်တို့ကို သတ္တိရှင် ဆုတံဆိပ်ေ်တွကို ချီးမြင့်ခဲ့ပါတယ်။ ဒီဆုတံဆိပ်ဟာ မောင်ဂိုမာရီ စီရင်စု ရဲတပ်ဖွဲံရဲ့ အမြင့်ဆုံး ဆုတံဆိပ်လည်း ဖြစ်ပါတယ်။ သူတို့ ၂ ဦး လူတဦးကို ကယ်တင်ခဲ့တဲ့ ရုပ်သံဖိုင်ကိုလည်း ပထမဆုံးအကြိမ် အဖြစ် ထုတ်ဝေခဲ့ပါတယ်။ ကားထဲကနေ သတိမေ့မြောနေတဲ့ မစ္စတာ အစ္စရေးကို အရာရှိ ၂ ဦးက စက်တင်ဘာ ၁ ရက် ညသန်းခေါင်းမှာ မီးလောင်နေတဲ့ ကားထဲကနေ ကယ်တင်ခဲ့ပါတယ်။ ကားက အင်ဂျင်ကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
5 years Ago
Up