မီးလောင်ကားတွင်းမှ ဒဏ်ရာရသူကို ကယ်ထုတ်ခဲ့သည့် သူရဲကောင်း (ရုပ်သံ)

A d v e r t i s e m e n t With Us

May 14, 2016

မီးလောင်ကားတွင်းမှ ဒဏ်ရာရသူကို ကယ်ထုတ်ခဲ့သည့် သူရဲကောင်း (ရုပ်သံ)

ကားတိုက်မှုဖြစ်ပွားပြီး မီးလောင်နေတဲ့ ကားအတွင်းက ကယ်ထုတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက လူတဦးကို သူရဲကောင်းအဖြစ် ချီးကျူးနေပါတယ်။ မေ ၁၀ ရက်က ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ ဆန်တီယာဂို ပေါ်တီလိုက ပြောင်းပြန်လဲနေတဲ့ ကားအတွင်းက ကားမောင်းသမားကို ဆွဲထုတ်ခဲ့ပါတယ်။ ပူလောင်တဲ့ မီးတောက်နဲ့ မီးခိုးတွေမဲမှောင်စွာ ထွက်နေပေမယ့် ပေါ်တီလိုက ကားအတွင်းက ကားမောင်းသမားကို လုံခြုံတဲ့နေရာကို ဆွဲထုတ် ကယ်တင်နိုင်ခဲ့ပါတယ်။ အနီးက ကော်ဇောတွေ ရောင်းချတဲ့ စတိုးဆိုင်မှာ အလုပ်လုပ်နေရာမှာ ကျယ်လောင်တဲ့ အသံကို ကြားခဲ့ရတဲ့ အတွက် အပြန်ကို လှမ်းကြည့်လိုက်ရာမှာ ပြောင်းပြန်လှန်နေတဲ့ ကားက မီးလောင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဖုန်းနဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ဖို့ ကြိုးစားရာမှာ ကားဆရာကားထဲမှာ ရှိတာကို သတိထားမိပြီးဖုန်းကို ချကာ ကယ်တင်ဖို့ သွားရောက်ခဲ့တယ်လို့ ပေါ်တီလိုက ပြောပါတယ်။ ကားဆရာကတော့ ခြေထောက်နဲ့ ခေါင်းမှာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
5 years Ago
Up