မီးဘေးကြိုတင်ကာကွယ်ရေး

March 23, 2019

ရန်ကုန်လေဆိပ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မတ် ၂၂ ရက်နေ့က  မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပါတယ်။ မီးဘေးကာကွယ်ရေး လေ့ကျင့်မယ့်အကြောင်း ခရီးသည်တွေ အထိတ်တလန့်မဖြစ်စေဖို့ ကြိုတင်အသိပေးခဲ့ပါတယ်။ မီးဘေးကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal. 1 အောက်ထပ်မှာ နေ့လယ် ၁ နာရီကနေ ၂ နာရီထိ ၁ နာရီကြာ ပြုလုပ်ခဲ့တာပါ။ အဆိုပါ လေ့ကျင့်မှုမှာ မီးလောင်မှုဖြစ်ပွားရာနေရာကနေ အရေးပေါ် အချက်ပေးသံထွက်ပေါ်လာပြီး Terminal 1 မြေအောက်ထပ်ရှိ လေဆိပ်ဝန်ထမ်းတွေအားလုံးကို အရေးပေါ်ထွက်ပေါက်တွေကနေ ဘေးကင်းရာနေရာကို စနစ်တကျ ထွက်ခွာစေတာနဲ့ မီးသတ်အဖွဲ့ဝင်တွေက သရုပ်ပြမီးငြိမ်းသတ်တာတွေ ဆာင်ရွက်ခဲ့ကြပါတယ်။ အခုလို ပြုလုပ်နေတဲ့ အချိန်အတွင်းမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေတာဖြစ်ပါတယ်။ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်တာကို ရန်ကုန်လေဆိပ်မှာ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ နှစ်ရက်ကြာ ပြုလုပ်ခဲ့တာပါ။
2 years Ago
Up