မီးဘေး

A d v e r t i s e m e n t With Us

October 19, 2018

မီးဘေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးစင်တာ ပုသိမ်တွင် ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးတခုလုံးအတွက် မီးဘေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာအတွက် ထိန်းချုပ်ကွပ်ကဲရေးစင်တာ (Command And Control Centre) C3 ကို ပုသိမ်မြို့မှာ တည်ဆောက်ထားပြီး မီးဘေးလုံခြုံရေးအတွက် စောင့်ကြည့်ကွပ်ကဲနေတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၆) မြို့နယ်က မီးသတ်ကားတွေမှာ 3G/4G စနစ်သုံး Camera ၁ လုံးစီနဲ့ (GPS) တခုစီ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့ပေါ် မီးဘေးစောင့်ကြည့်ရေးအတွက် Camera အကြီး ၁ လုံး၊ Camera အသေး ၄ လုံး၊ စုစုပေါင်း ၅ လုံးနဲ့ အထပ်မြင့် အဆောက်အဦတခုပေါ်ကနေ ၂၄ နာရီမပြတ် စောင့်ကြည့်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးက ပြောပါတယ်။ မီးသတ်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် မီးလောင်မှုတွေနဲ့ သဘာဝဘေးဆိုင်ရာ ကိစ္စတွေကို တိုက်ရိုက်ကြည့်ရှုကွပ်ကဲနိုင်မှာဖြစ်ပြီး ပုသိမ်မြို့မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေတဆင့် နေ့ဘက်မှာ ပုသိမ်မြို့ရဲ့ ၅ မိုင်ပတ်လည်ကို colour နဲ့ တိုက်ရိုက် အနီးကပ်ဆွဲယူကြည့်ရှုပြီး ညဘက်မှာတော့ ၂ မိုင်ပတ်လည်ကို black & white အဖြူအမဲ ပုံစံနဲ့ ၂၄ နာရီစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ပထမဆုံး (Command And Control Centre) C3 ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှာ တနိုင်ငံလုံး ကွပ်ကဲဖို့ Centre တခုရှိပြီး တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်ထားတဲ့ ပုသိမ်မြို့မှာရှိတဲ့ C3 ကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းကွပ်ကဲဖို့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒုတိယမြောက် Command And Control Centre ဖြစ်ပါတယ်။
2 years Ago

February 5, 2016

နမ့်ဆန်နှင့် လပွတ္တာ မီးဘေးအတွက် သမ္မတ အရေးပေါ်ဆွေးနွေး

ရှမ်းပြည်နယ် နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အရေးပေါ် အစည်းအဝေးကို သမ္မတအိမ်တော်မှာ ဖေဖော်ဝါရီ ၅ ရက် မနက်က ခေါ်ယူကျင်းပတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က မီးဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ယာယီတဲ၊ အ၀တ်အထည်နဲ့ မိသားစုသုံးပစ္စည်းတွေ ဖြည့်ဆည်းပေးရေး၊ ကျောင်းသားတွေအတွက် ကျောင်းသုံးစာအုပ်တွေ ပြန်လည်ဖြည့်ဆည်းပေးရေးနဲ့ စာမေးပွဲဖြေမယ့် ကျောင်းသားကျောင်းသူတွေ အခက်အခဲမရှိအောင် ကူညီပံ့ပိုးပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အမြန်ဆောင်ရွက်နိုင်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တပ်မတော်နဲ့  ပို့ဆောင်ရေး ၀န်ကြီးဌာနတွေက အရေးပေါ် စီစဉ်ပို့ဆောင်ရေး လုပ်ငန်းတွေကို ဆွေးနွေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ နမ့်ဆန်မီးဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သမ္မတကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်မှာဖြစ်ပြီး ဒု-သမ္မတ ဦးဉာဏ်ထွန်းကတော့ လပွတ္တာဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းကနေ ညသန်းခေါင်ကျော် မနက်အစောပိုင်းလောက်ထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူနေအိမ်ခြေပေါင်း ၃၀၀ ကျော် မီးထဲပါသွားကာ လူပေါင်းထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ မီးဘေးဒုက္ခ ခံစားနေရတယ်လို့ မြို့ခံ မီးဘေးကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ အလားတူ ဧရာဝတီတိုင်း လပွတ္တာမြို့မှာလည်း ဖေဖော်ဝါရီ ၄ ရက်ညပိုင်းက  မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၂၀၀ နီးပါးနဲ့ ဈေဆိုင်ခန်းတွေ မီးထဲပါသွားပြီး လူပေါင်း ၇၀၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - ကိုမှန်ကြီးနှင့် အမ်အိုအိုင်ဖေ့စ်ဘွတ်ခ်  
5 years Ago
Up