မီးဘောလုံးပစ်ပွဲတော်

September 3, 2018

အယ်လ်ဆာဗေဒိုနိုင်ငံတွင် မီးဘောလုံးပစ်ပွဲတော် ကျင်းပ (ရုပ်သံ)

အယ်လ်ဆာဗေဒိုနိုင်ငံ နီခါဘာမြို့လေးမှာ သြဂုတ် ၃၁ ရက်က နှစ်စဉ်ကျင်းပမြဲ မီးဘောလုံးပစ်ပွဲတော် ကျင်းပခဲ့ပါတယ်။ မီးဘောလုံးပစ်ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေဟာ ဓာတ်ဆီဆွတ်ထားတဲ့ အဝတ်စုတ်ကို မီးရှို့ပြီး တဦးနဲ့တဦး ပစ်ပေါက် ဆင်နွှဲကြပါတယ်။ သူတို့ဟာ မျက်နှာနဲ့ လက်တွေကို အကာအကွယ်တွေ ဝတ်ဆင်ပြီး ဆင်နွှဲကြတာ ဖြစ်ပါတယ်။ “အပိုင်းနှစ်ပိုင်းရှိပါတယ်။ တပိုင်းက ဘာသာရေးဆိုင်ရာ ပွဲတော်ပေါ့။ ကျန်တပိုင်းကတော့ အစဉ်အလာပွဲတော်ပေါ့။ ဘာသာရေးပွဲတော်ကတော့ နီခါဘာမြို့ကို စောင့်ရှောက်တဲ့ သူတော်စင် ဂျာရွမ်းက သူ့ကိုနှောင့်ယှက်တဲ့ မိစ္ဆာကို အာရုံလွှဲဖို့ အခုလိုမျိုး မီးဘောလုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။ ရိုးရာပွဲတော်ကတော့ ၁၆၅၈ ခုနှစ် မီးတောင်ပေါက်မှုကနေ ဒီလိုပွဲတော် ပေါ်လာတာဖြစ်ပါတယ်” လို့ ပွဲတော်ဆင်နွှဲသူ ရောဘတ်တိုကာလို့စ်ဆန်းချက်က ပြောပါတယ်။ ပွဲတော်လာရောက်သူ လူးဝစ်ဘားရက်ဇ်ကလည်း “အမှန်အတိုင်းပြောရရင် ဒီနေရာကိုလာပြီး မီးဘောလုံးပစ်ပွဲတော်ကို ကြည့်ရတာ အတွေ့အကြုံ တမျိုးလေးပါပဲ။ ကျနော်တို့ ဟိုးအဝေးကြီးကနေ မိသားစုနဲ့အတူ ဒီပွဲတော်ကို လာကြည့်တာပါ။ ဒီပွဲတော်ကို သဘောကျပါတယ်” လို့ ပြောသွားပါတယ်။ ဒေသခံဘုရားကျောင်းတွေနဲ့ ဝတ်ပြုသူတွေက မီးတောင်ပေါက်ကွဲတာဟာ သူတော်စင် ဂျာရွမ်းက မိစ္ဆာကို မီးဘောလုံးနဲ့ ပစ်ပေါက်တာဖြစ်တယ်ဆိုတဲ့ ဒဏ္ဍာရီကို ယုံကြည်ကြပါတယ်။ နောက်ပြီး အခုလို မီးဘောလုံးပစ်ပွဲတော် ဆင်နွှဲတာဟာ မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ မြို့လေးကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
3 years Ago
Up