မီးတောင်ပေါက်ကွဲပြီး

March 19, 2017

မီးတောင်ပေါက်ကွဲပြီး လွင့်စင်ချော်ရည်များကြားမှ သတင်းထောက်နှင့်ခရီးသွားများ ထွက်ပြေး (ရုပ်သံ)

အီတလီနိုင်ငံ အရှေ့ကမ်းရိုးတန်း စီစီလီမှာရှိတဲ့ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ အက်တနာမီးတောင် မတ်လ ၁၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဘီဘီစီသတင်းထောက်တွေနဲ့ ခရီးသွားဧည့်သည်တွေဟာ လွှင့်စင်လာတဲ့ ချော်ရည်စတွေကနေ လွတ်မြောက်အောင် ထွက်ပြေးလာခဲ့ရတယ်လို့ သိရပါတယ်။ ဥရောပရဲ့ ချော်ရည်အထွက်ဆုံး ပေါက်ကွဲမှုအများဆုံး မီးတောင်ကနေ မီးခိုးတွေ ရေနွေးငွေ့တွေ၊ ကျောက်တုံးတွေ ပါတဲ့ ချော်ရည်တွေ စီးဆင်းလာလို့ လုံခြုံနားနေနိုင်ရာ ကားတစ်စီး မတွေ့ခင် လူအုပ်စုလိုက်ကြီး ထွက်ပြေးလာတာကို ဘီဘီစီရဲ့ ဗွီဒီယိုရုပ်သံထဲမှာ မြင်ရမှာပါ။ လူ ၁၀ ဦး ဒဏ်ရာ ရခဲ့ပြီး သူတို့ထဲက ၆ ဦးကို ဆေးရုကို ပို့လိုက်ရတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေထဲက ဘယ်သူမှ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရရှိဘူးလို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ပြောပါတယ်။ ဥရောပရဲ့အဓိကမြေထုရှိရာနေရာမှာ တည်ရှိတဲ့ အက်တနာမီးတောင်ဟာ ဥရောပမှာ အမြင့်ဆုံးမီးတောင်ဖြစ်ပြီး ၃၃၃၀ မီတာ (ပေပေါင်း ၁၀၉၂၆) မြင့်တယ်လို့ သိရပါတယ်။ ဒီအက်တနာမီးတောင်ဟာ တစ်နှစ်မှာ အကြိမ်ပေါင်းများစွာ ပေါက်ကွဲတယ်လို့ ဆိုပါတယ်။
5 years Ago
Up