မီးတောင်ပေါက်

June 17, 2018

အီကွေဒေါရှိ ဂါလာပါဂို့စ် ကျွန်းပေါ်တွင် မီးတောင်တလုံးပေါက်ကွဲ

အီကွေဒေါနိုင်ငံ ဂါလာပါဂို့စ် ကျွန်းစုပေါ်က မီးတောင်တလုံး ပေါက်ကွဲလို့ ချော်ရည်တွေ ပန်းထွက်ခဲ့တဲ့အတွက် သားရဲတိရစ္ဆာန်တွေမှာ ဘေးအန္တရာယ်ရှိတယ်လို့ ကျွန်းရဲ့ သဘာဝဥယျာဉ် အရာရှိတွေက ဇွန် ၁၆ မှာ ပြောပါတယ်။ လာကမ်ဘရေ မီးတောင်ကနေ ဓာတ်ငွေ့တိမ်တိုက်တွေ၊ မီးခိုးတွေ ကောင်းကင်ပေါ်ကို ထိုးတက်နေပုံနဲ့ မီးတောင်ရဲ့ မြောက်ဘက် ဆင်ခြေလျှောကနေ ချော်ရည်စီးကြောင်းတွေ ပင်လယ်ထဲ စီးဝင်နေပုံ ရုပ်သံကိုလည်း ဂါလာပါဂို့စ် အမျိုးသား ဥယျာဉ်က ဖြန့်ချိခဲ့ပါတယ်။ မီးတောင် ပေါက်ကွဲမှုကြောင့် ရေနေ သားရိုင်းတိရစ္ဆာန်တွေအပေါ် သက်ရောက်နိုင်တယ် လို့လည်း ဥယျာဉ်အရာရှိတွေက ပြောပါတယ်။ ဓာတ်ငွေ့တွေက ကောင်းကင်ပေါ်ကို ၁ ဒသမ ၂ မိုင်ကနေ ၁ ဒသမ ၈ မိုင်ထိ ထိုးတက်နေပြီး လေက ကျွန်းတွေရဲ့ အနောက်မြောက်ဘက်ဆီကို တိုက်နေတယ်လို့ ဘူမိရူပတက္ကသိုလ် အမျိုးသား ပေါ်လီတက္ကနစ် ကျောင်းက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မီးတောင်လှုပ်ရှားမှုနဲ့ ငလျင်အခြေအနေကို တက္ကသိုလ်က စောင့်ကြည့်နေပါတယ်။ အီကွေဒေါနိုင်ငံတွင်း သီးခြားဖြစ်တည်နေတဲ့ တိရစ္ဆာန်ဦးရေကို လေ့လာအပြီးမှာ ဗြိတိန် သဘာဝပညာရှင် ချားလ်စ်ဒါဝင်က သူ့ရဲ့ ဆင့်ကဲ တိုးတက်ပြောင်းလဲခြင်း သီအိုရီကို တီထွင်ခဲ့ပါတယ်။
3 years Ago
Up