အာဂျင်တီးနားနိုင်ငံ ဗျူးနော့အေးရီးစ်မြို့က ရေမွှေးဆိုင်တစ်ဆိုင်မှာ ဇွန် ၂ ရက်က နှစ်ကြိမ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးသတ်သမား ၂ ယောက် သေဆုံးသွားကာ လူ ၉ ယောက် ဒဏ်ရာရပါတယ်။
ပေါက်ကွဲမှုအပြီး မီးသတ်သမားတွေက ရေမွှေးဆိုင်က မီးကို ကြိုးစား ငြှိမ်းသတ်နေတုန်း ဒုတိယပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒဏ်ရာရ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေရဲ့ အခြေအနေ တည်ငြိမ်တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။
မီးလောင် ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
9 months Ago