မီးသတ်သမားဈာပန

A d v e r t i s e m e n t With Us

January 7, 2020

ဩစတြေးလျ တောမီးငြှိမ်းသတ်ရာတွင် သေဆုံးခဲ့သည့် မီးသတ်သမားဈာပန ကျင်းပ

သြစတြေးလျနိုင်ငံအတွင်း တောမီးတွေကို ကြိုးစားငြှိမ်းသတ်ရင်း သေဆုံးခဲ့တဲ့ မီးသတ်သမားတယောက်ရဲ့ ဈာပနကို ထောင်ချီတဲ့ အရန်မီးသတ်သမားတွေ ဇန်နဝါရီ ၇ ရက်က တက်ရောက်ခဲ့ကြပါတယ်။ မီးလောင်နေတဲ့ သစ်ပင်တပင်က မီးသတ်ကား မောင်းနေတဲ့ လမ်းပေါ် လဲကျခဲ့လို့ မီးသတ်ကား လိမ့်ထွက်သွားအပြီးမှာ အသက် ၃၆ နှစ်အရွယ် အန်ဒရူးအိုဒွိုင်ယာနဲ့ ဂျော်ဖှရီကီတွန်တို့ သေဆုံးခဲ့ပါတယ်။ မီးဘေးကို ကိုင်တွယ်ဖြေရှင်းပုံအတွက် အပြစ်တင်ခံနေရတဲ့ ဝန်ကြီးချုပ် စကော့တ်မော်ရစ်ဆင်လည်း ဒီဈာပနပွဲကို တက်ရောက်ပါတယ်။ သြစတြေးလျနိုင်ငံတလွှား လေးလကျော်ကြာ မီးလောင်နေလို့ မြေဧက ၁၉ ဒသမ ၈ သန်းကျော် မီးလောင်ကျွမ်းခဲ့ပြီးပါပြီ။ ဒီပမာဏဟာ သြစတြီးယားတနိုင်ငံစာ အကျယ်အဝန်းနီးပါး ရှိပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူ ၂၅ ဦးထိ ရှိခဲ့ပြီး တောရိုင်းတိရစ္ဆာန် ကောင်ရေ သန်း ၅၀၀ ကျော်လည်း မီးသင့်သေဆုံးတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ထောင်နဲ့ချီတဲ့ အိမ်တွေလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။
1 year Ago
Up