မီးသတ်ယာဉ်မောင်း

February 19, 2021

ဖြူးမြို့နယ်တွင် မီးသတ်ယာဉ်မောင်းအချို့ ရဲဝတ်စုံဝတ်ထားဟု ဆန္ဒပြသူများ ပြော

ဖြူးမြို့နယ်အတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲရာမှာ အသုံးပြုနိုင်တဲ့ မီးသတ်ရေယာဉ် မောင်းနှင်သူတွေဟာ ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားကြတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မီးသတ်ရေယာဉ်မောင်းသူတွေအတွက်  ရဲဝတ်စုံကို ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက ထုတ်ပေးတာလို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲဝင်တစ်ဦးက ပြောပါတယ်။

အခုလို မီးသတ်ယာဉ်မောင်းတွေ ရဲဝတ်စုံ ဝတ်ထားတာနဲ့ ပတ်သက်ပြီး ဖြူးမြို့နယ်မီးသတ်ဌာနဦးစီး မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲမှူးတို့ကို DVB က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖြူးမြို့နယ်အတွင်းမှာ ငြိမ်ချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေသူတွေကို ဖြိုခွဲမယ့် သတင်းတွေ ထွက်ပေါ်နေသလို တက်ကြွလှုပ်ရှားသူတွေနဲ့ ခေါင်ဆောင်တွေကိုလည်း သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ထားကြောင်း သိရပေမဲ့ ရဲတပ်ဖွဲ့ဘက်ကတော့ အခုအချိန်အထိ ဆက်သွယ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

ကျော်အောင်

9 months Ago
Up