မီးသတ်တပ်ဖွဲ့ဝင်

September 12, 2021

ရေဦးနှင့် ဒီပဲယင်းမြို့နယ်က မီးသတ်တပ်ဖွဲ့ဝင် ၆ ဦး CDM ပြုလုပ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးဟာ စက်တင်ဘာ ၁၂ ရက်မှာ အာဏာဖီဆန် CDM လုပ်ပြီး ပြည်သူဘက်ကို ရပ်တည်လာခဲ့တယ်လို့ CDM ဝန်ထမ်း အသိုင်းဝိုင်းက သိရပါတယ်။

CDM ပြုလုပ်လာတဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက “ကျနော်တို့  စစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို မကြိုက်လို့ CDM လုပ်တာ။ အရင်အာဏာသိမ်းပြီး  ဆန္ဒပြပွဲတွေလည်း တက်ကြွစွာ ပါခဲ့တယ်။ အဲလို ပါတဲ့ မီးသတ်ဝန်ထမ်းတွေကို  ရာထူတိုး ပိတ်တာတို သင်တန်းပို့တာတို့ လုပ်ခဲ့တယ်။ အဓိကတော့ အာဏာရှင်က အပြစ်မဲ့ ပြည်သူတွေကို ဖိနှိပ်တာ မခံချင်လို့” လို့ ပြောပါတယ်။

အခုလိုဌာနက ထွက်လာပြီးနောက် ပြည်သူတွေရဲ့ကူညီမှုနဲ့ လွတ်မြောက်နယ်မြေ တစ်ခုကို ရောက်နေပြီလို့လည်း သူက ဆိုပါတယ်။

အခုလို CDM လုပ်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲမှာ  တပ်ကြပ်ကြီးအဆင့်ရှိသူ၂ ဦး ၊ဒုတပ်ကြပ်၂ ဦး၊ တပ်ကြပ် ၁ ဦးနဲ့တပ်သား ၁ ဦးဖြစ်တယ်လို့ ရေဦးမြိုနယ် CDM တွေကို လုံခြုံရေးယူပေးနေတဲ့သူတွေဆီက သိရပါတယ်။

1 month Ago

May 1, 2020

မြောက်ဒဂုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို အခြေခံစားသောက်ကုန်များ လှူဒါန်း

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းရှိ သန္ဓေနဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေကို Our Leader အဖွဲ့က အခြေခံစားသောက်ကုန်တွေ ဒီနေ့မနက်ပိုင်းက လှူဒါန်းခဲ့ပါတယ်။ ဆန်၊ ဆီ၊ မြေပဲ၊ ငါးခြောက်၊ ကြက်သွန်နီ၊ ကြက်ဥ စတာတွေ လှူဒါန်းတာဖြစ်ပြီး အရန်မီးသတ် ၅၀ နဲ့ သန္ဓေမီးသတ် ၃၀ ကို ငွေနှစ်သောင်းဝန်းကျင်ဖိုးစီ လှူဒါန်းတာပါ။ လှူဒါန်းပွဲကို ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နဲ့ မြောက်ဒဂုံမြို့နယ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ Our Leader အနေနဲ့ အစိုးရအဖွဲ့ရဲ့ အထောက်အပံ့မရရှိတဲ့၊ အလှူငွေမရရှိတဲ့ နေရာတွေကို အဓိကထားလှူဒါန်းနေတယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA
1 year Ago
Up