မီးသတ်သမား

June 10, 2019

ဗြိတိန်တွင် တိုက်ခန်းတွဲတခု မီးလောင်၊ မီးသတ်သမား ၁ဝဝ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရ (ရုပ်သံ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ဇွန်လ ၉ ရက်နေ့က တိုက်ခန်းတွဲတခု မီးလောင်ခဲ့ပြီး  မီးသတ်သမား အယောက် ၁၀၀ ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။ တိုက်ခန်းတွဲ မီးလောင်နေတာကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာလည်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီမီးလောင်မှုမှာ ဒဏ်ရာရသူ မရှိဘူးလို့ လန်ဒန် အရေးပေါ်ဌာန ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။ လန်ဒန်မြို့ အရှေ့ဘက်က ခြောက်ထပ်အမြင့်ရှိတဲ့ တိုက်ခန်းတွဲတခု မီးလောင်နေတဲ့ နေရာကို မီးသတ်သမား အယောက် ၁၀၀ ကျော် စေလွှတ်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးကလည်း လန်ဒန်မြို့ အနောက်ဘက်က အထပ်မြင့် တိုက်ခန်းတွဲ Grenfell Tower မှာ ညသန်းခေါင်ယံအချိန် မီးလောင်တာကြောင့် လူပေါင်း ၇၁ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီမီးလောင်မှုဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဗြိတိန်မှာ လူသေဆုံးနှုန်း အများဆုံး ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
2 years Ago

May 26, 2019

ရေစီးထဲက အမျိုးသားတဦးကို သက်စွန့်ကြိုးပမ်းကယ်ဆယ်ခဲ့သည့် မီးသတ်သမားများ

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်က မီးသတ်သမားတွေက ရေစီးနဲ့အတူမြောပါလာတဲ့ အမျိုးသားတဦးကို မေ ၂၁ ရက်မှာ သက်စွန့်ကြိုးပမ်း ကယ်ဆယ်ခဲ့ရပါတယ်။ ဒီအမျိုးသားဟာ ကားနဲ့အတူ ရေစီးထဲ မျောပါလာခဲ့သူဖြစ်ပါတယ်။ အခင်းဖြစ်ရာ ဘရုတ်ကမ်း အဲရိုးအရှေ့မြောက်ပိုင်းကို မီးသတ်သမားတွေ ရောက်မလာခင် ဒီအမျိုးသားဟာ ခြံစည်းရိုးတန်းတခုကို ၅ နာရီကြာ ဆွဲခိုထားခဲ့ရတယ်လို့လည်း ဘရုတ်ကမ်းအဲရိုး မီးသတ်ဌာနက ပြောပါတယ်။ အဲဒီနောက်မှာတော့ မီးသတ်သမားတွေဟာ ဒီအမျိုးသားဆီကို ကြိုးနဲ့ ရေပေါ်ပေါ်တဲ့ ရေကူးကိရိယာကို ပစ်ပေးခဲ့ရကြောင်း၊ နောက်ပိုင်းမှာတော့ မီးသတ်သမားတွေ ကိုယ်တိုင် ဒီအမျိုးသားဆီ သွားရောက်ကယ်ဆယ်ခဲ့ရကြောင်း သိရပါတယ်။ အဲဒီနောက်မှာတော့ ဒီအမျိုးသားကိုဆေးရုံ ခေါ်ဆောင်သွားခဲ့ကာ အခြေအနေကောင်းမွန်နေကြောင်း မီးသတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
2 years Ago
More News
Up