မီးသတ်ကားတစီးလုံးကို မချီနိုင်သည့် မီးသတ်မယ်၏ ကြံ့ခိုင်သည့် အလှတရား

January 26, 2017

မီးသတ်ကားတစီးလုံးကို မ,နိုင်သည့် မီးသတ်မယ်၏ ကြံ့ခိုင်သည့် အလှတရား (ဓာတ်ပုံ)

နော်ဝေနိုင်ငံသူ ဂဲန်းနာတဲန်ရဲ့ ကာလရှည်ကြာမက်ခဲ့ရတဲ့ အိပ်မက်ကတော့ မီးသတ်မယ်တဦး ဖြစ်လာဖို့ပါပဲ။ သူဟာ လက်ရှိမှာတော့ မီးသတ်မယ်တဦးအနေနဲ့ရော ကာယအလှနည်းပြမယ်တဦးအဖြစ်ပါ အသက်မွေးဝမ်းကျောင်း ပြုနေခဲ့ပါပြီ။ မီးသတ်ကားတစီးလုံးကို မပြနိုင်တဲ့ သူမရဲ့ ကြံ့ခိုင်မှုနဲ့ ကောက်ကြောင်းပေါ်လွင်တဲ့ အလှတရားတွေကြောင့် လတ်တလောမှာတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာပါ။ ဂဲန်းနာတန်ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ပရိသတ် ၄ သောင်း ၈ ထောင်ကျော်ရှိခဲ့ပြီး သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲက ပုံရိပ်တွေကို အားပေးကြည့်ရှုနေကြတာပါ။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ သူမက “ကျမ အသက် ၁၉ နှစ်သမီးလောက်ကတည်းက အမြဲလှုပ်ရှားတက်ကြွနေတဲ့ ဘဝကို သဘောကျတယ်။ ဒါဟာ ကျမရဲ့ ဘဝတစိတ်တပိုင်းပါပဲ။ ခုလက်ရှိမှာ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ အလုပ်နဲ့ တခြားသူတွေအတွက် ကူညီပေးရတဲ့ စိန်ခေါ်မှုတွေကို ကျမ တွေ့ရှိခဲ့ပါပြီ။ ကျမ ဘယ်တော့မှ နောင်တရလိမ့်မှာ မဟုတ်ပါဘူး။ ကျမရဲ့အလုပ်ကို ကျမ မြတ်နိုးပါတယ်” လို့ ပြောပါတယ်။ မီးသတ်မယ်တဦးအဖြစ် စတင်ခဲ့ရတာ သူ့အတွက်တော့ မလွယ်ကူခဲ့ဘဲ မိခင်ဖြစ်သူက “မိန်းကလေး မီးသတ်သမားလို့ အရင်ကဖြင့် မကြားခဲ့ဖူးပါဘူး။ ဘာကြောင့် သမီးက လုပ်ချင်ရတာလဲ” လို့ ဒီအလုပ်မလျှောက်ခင်မှာ မေးခံခဲ့ရဖူးကြောင်း ပြောပါတယ်။ “ကျမကတော့ ဘာကြောင့် ကျမ မဖြစ်နိုင်ရမှာလဲလို့ ပြန်ပြောခဲ့တာပဲ” လို့ ဂဲန်းနာတန်က ပြောပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့အလုပ်ကို သဘောတကျနဲ့ လုပ်နေခဲ့ပြီး ကိုယ်ကာယကြံ့ခိုင်မှုအတွက်လည်း ဂရုတစိုက် လေ့ကျင့်နေခဲ့တာပါ။ “ကျမရဲ့အလုပ်မှာ ကျမက ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ဒါမှ အမျိုးသား လုပ်ဖော်ကိုင်ဘက်တွေနဲ့ထပ်တူ အလုပ်လုပ်နိုင်မှာပါ။” အချိန်ပြည့် မီးသတ်မယ်တဦးအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဂဲန်းနာတန်က သူ့ရဲ့ အားလပ်ချိန်တွေမှာ လုပ်ဖော်ကိုင်ဘက် အမျိုးသားတွေနဲ့တန်းတူ ဘောလုံးကစားတာ၊ ပြေးတာ၊ ရေကူးတာတွေကို အတူတကွ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - Caters  
4 years Ago
Up