မီးလောင်

September 21, 2021

လှိုင်သာယာစက်မှုဇုန်တွင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်အမှတ်(၁)၊ ဆိပ်ကမ်းသာလမ်းမှာ စက်တင်ဘာ ၂၁ ရက် ဒီမနက်အစောပိုင်း ၃ နာရီ ၁၀ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါမီးလောင်မှုကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ level 2 အဆင့် မီးသတ်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ မနက် ၄ နာရီ ၃ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီ ၁၄ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေစိတ်ကိုတော့ မသိရသေးပါဘူး။

Photo- MFS

6 hours Ago

September 20, 2021

စစ်ကိုင်းမြို့တွင် မီးလောင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီလောက်က  မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါရပ်ကွက်ရှိ ပျဉ်ထောင် နှစ်ထပ်အိမ်တလုံးရဲ့ အပေါ်ထပ်မှာ ပန်ကာဖွင့်ထားရာကနေ ပန်ကာမော်တာအပူလွန်ကဲပြီး ထရံသို့ မီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့တာပါ။ 

မီးလောင်မှုကို ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာမှာ ည ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁ သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။

 Photo - MFSD & Doe Doe

1 day Ago
More News
Up