မီးလန့်

June 3, 2021

မိုးကောင်းမြို့မစည်ပင်သာယာဈေးအတွင်း မီးလန့်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မစည်ပင်သာယာဈေးအတွင်း ဇွန် ၃ ရက် နေ့လယ် ၁ နာရီလောက်က စျေးမရောင်းဘဲ  ပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုမှာ မီးလန့်မှု ဖြစ်ပွားခဲ့ပါတယ်။

“မီးလောင်တဲ့ဆိုင်ဟာ ဈေးရုံအမှတ် ၈ က ပိတ်ထားတဲ့ ဆိုင်ခန်း နံပတ် ၂၈ မှာပါ။ ဆိုင်ခန်းရဲ့ပျဉ်ကြမ်းခင်း ၆ လက်မလောက် မီးလောင်သွားတာကို တွေ့ရပါတယ်။”လို့ ဈေးအတွင်း ဈေးရောင်းနေသူ တစ်ဦးက ပြောပါတယ်။

ဆိုင်ခန်းကပိတ်ထားတာဖြစ်တဲ့အတွက် မီးလောင်တဲ့အကြောင်းရင်းကို မသိရှိခဲ့ကြောင်းနဲ့ ဂျပ်စက္ကူကို မီးရှို့ပြီး ပစ်တင်ခဲ့တာဖြစ်နိုင်ကြောင်း စည်ပင်သာယာဈေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

     ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးကောင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဈေးတာဝန်ရှိသူတွေလည်း လာရောက်စစ်ဆေးကာ  မှတ်တမ်းယူခဲ့ပါတယ်။

8 months Ago
Up