မီးရှို့သတ်

October 25, 2019

ကျောင်းသူအား မီးရှို့သတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်ကျောင်းအုပ်အပါအဝင် ၁၆ ဦးကို သေဒဏ်ချ

ဘင်္ဂလားဒေ့ရှ်ဆယ်ကျော်သက်ကျောင်းသူကို  မီးရှို့သတ်မှုနဲ့ ဘာသာရေးကျောင်းအုပ်အပါအဝင် လူ ၁၆ ယောက်ကို အောက်တိုဘာ ၂၄ ရက်နေ့မှာ  တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။    ဧပြီလတုန်းက စစ်တကောင်းနယ် အရှေ့တောင်ပိုင်း ဖန်နီခရိုင်မှာ အသက် ၁၈ နှစ်အရွယ် နူဆက်ဂျာဟန်ကို လူတစုက ကိုယ်ပေါ် ရေနံဆီလောင်း မီးရှို့ခဲ့တာပါ။  အဲဒီမီးလောင်ဒဏ်ရာကြောင့် ၄ ရက်အကြာမှာ နူဆက် သေဆုံးခဲ့ပါတယ်။  လူသတ်မှုကို  စုံစမ်းကြည့်ရာမှာတော့ နူဆက်က ဘာသာရေးကျောင်းအုပ်တယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့  ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ကျောင်းအုပ်က အမှုရုပ်သိမ်းဖို့ နူဆက်ကို အကျပ်ကိုင်ရာမှာတော့ နူဆက်က လက်မခံတဲ့အတွက် ကျောင်းအုပ်အမိန့်နဲ့  နူဆက်ကို မီးရှို့သတ်ခဲ့တယ်လို့ ရဲကပြောပါတယ်။  နူဆက်သေဆုံးတဲ့သတင်းဟ‌ေ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို ဒေါသထွက်စေပြိး  လူသတ်တရားခံတွေကို အပြစ်ပေးရေးအတွက် နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။  သေဒဏ်ချမှတ်ခံရသူတွေထဲမှာ အမျိုးသမီး ၂ ယောက်လည်း ပါဝင်ပါတယ်။   တရားခံရှေ့နေကတော့ အခုချမှတ်လိုက်တဲ့ပြစ်ဒဏ်ကို သူ့အမှုသည်တွေက  အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
2 years Ago
Up