မီးရှို့ဖျက်ဆီ

June 23, 2020

ကွတ်ခိုင်မြို့နယ်တွင်  မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ) 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်မှာ သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို  ဒီနေ့မနက်က ကွတ်ခိုင်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အလွန်ရှိ ကွင်းပြင်မှာ ဖျက်ဆီးပွဲကျင်းပပါတယ်။ (၃၃)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သက်ဆိုင်ရာက  အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးရာမှာ မူးယစ်ဆေးဝါးတွေ၊ ထိန်းချုပ် ဓာတုပစ္စည်းတွေနဲ့  ဓာတ်ခွဲခန်းသုံး ဖန်ပေါင်းချောင်တွေ၊ မူးယစ်ဆေးဝါးရောစပ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဂတ်စ်အိုးနဲ့ ဂတ်စ်မီးဖိုတွေလည်းပါဝင်ပြီး  ကာလတန်ဖိုး စုစုပေါင်း ကျပ်ငွေ ၃ ဒသမ ၃၈ ဘီလီယံ ကျော်ဖိုး ရှိပါတယ်။ Photo - Thein Min Tun / MPA 
12 months Ago

March 8, 2020

ချီလီတွင် အဓိကရုဏ်းနှိမ်နှင်းရေးကားကို ဆန္ဒပြသူများ မီးရှို့ဖျက်ဆီး

ချီလီနိုင်ငံမှာ မတ်လ ၆ ရက်က  ရဲတပ်ဖွဲ့ရဲ့အဓိကရုဏ်းနှိမ်နှင်းရေးကားတစီးကို ဆန္ဒပြသူတွေက လောင်စာ ပုလင်းတွေနဲ့ ပစ်ပေါက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။  ရိုက်တာသတင်း ဖော်ပြချက်အရ မြို့တော်ဆန်တီယေဂိုမှာဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက လူစုခွဲတဲ့ ရေအမြောက် ကားတစီးကို မီးရှို့ခဲ့လို့  ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်လူစုခွဲနေတာကို တွေ့ရပါတယ်။  ချီလီဟာ မနှစ်က အောက်တိုဘာလကထဲက စပြီး အများပြည်သူသုံးပို့ဆောင်ရေးကဏ္ဍမှာ စရိတ်တွေကြီးမြင့်လာတာကို မကျေနပ်လို့ ဆန္ဒပြရာကနေ  နောက်ပိုင်းမှာ ပင်စင်လစာတိုးမြှင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးတိုးတက်ရေးတို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်နေခဲ့တာပါ။  ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်က သမ္မတ ဆီဘတ်စတီယန်-ပင်ညဲရာက အခြေခံဥပဒေ သစ်ကိုရေးဆွဲမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြုလုပ်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။  ဒါပေမဲ့ ဆန္ဒပြမှုတွေဟာ မကြာခဏဆိုသလို ဖြစ်နေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago
Up