မီးရထားဝန်ထမ်းများ

March 1, 2021

အင်းစိန် မီးရထားဝန်ထမ်းများက ထိုင်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

ရန်ကုန်မြို့ အင်းစိန်လေဟာပြင်ဈေးရှေ့မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့  အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ ဝန်ထမ်း ၁၀၀၀ ကျော်ပါဝင်တဲ့  ထိုင်သပိတ်ကို မတ်လ ၁ ရက် မနက်မှာ ပြုလုပ်နေပါတယ်။

မီးရထားဝန်ထမ်းတွေကို စစ်ကောင်စီက ခြိမ်းခြောက်တာတွေပြုလုပ်နေပေမယ့် ဝန်ထမ်းတွေက အာဏာဖီဆန် CDM လှုပ်ရှားမှုကို ကို ဆက်လက်ပြုလုပ်နေတဲ့အတွက် နိုင်ငံတဝန်း  ရထားပို့ ဆောင်ရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းနေပါတယ်။ 

ဖမ်းဆီးခံခေါင်းဆောင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေပြန်လွှတ်ပေးရေး၊ အရပ်သားအစိုးရကိုအာဏာပြန်လွှဲပေးရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ စတာတွေကို မီးရထားဝန်ထမ်းတွေက ထိုင်သပိတ်ပြုလုပ် ကြွေးကြော်နေကြပါတယ်။

2 years Ago

February 14, 2021

မလွှကုန်း CDM မီးရထားဝန်ထမ်းများကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ် ပြည်သူလူထုက တားဆီး (ဓာတ်ပုံ)

စစ်အာဏာသိမ်းမှုကို အာခံဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့  ရန်ကုန် မလွှကုန်း ဒီဇယ်မီးရထားစက်ခေါင်းပြင် စက်ရုံက သပိတ်မှောက်ဝန်ထမ်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မနက်မှာ  ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ် ပြည်သူလူထုတွေက စုရုံးရောက်ရှိလာပြီး ဝိုင်းဝန်း တားဆီးကန့်ကွက်ခဲ့ကြလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွ  ပြန်လည်ထွက်ခွာသွား ကြပါတယ်။ 

Photo-PeterAung

2 years Ago
Up