မီးရထားလမ်းတံတား

September 15, 2021

စစ်ကိုင်းတိုင်းတွင် မီးရထားလမ်း ချောင်းကူးတံတား ဖေါက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နဲ့ ဇီကုန်းကြားမှာရှိတဲ့ မီးရထားလမ်း သရက်ကောင်း (သရက်ခေါင်း‌) ချောင်းကူးတံတားတစ်ခု စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက   မိုင်းခွဲ ဖျက်ဆီးခံရတယ်လို့  ဒေသခံတွေထံကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ကျနော်တို့ ကြားရတာကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ရထားနဲ့ လက်နက်ပစ္စည်းတွေ သယ်ယူဖို့ ပြင်ဆင်နေတဲ့ သတင်းကြားလို့ ဒီသရက်ခေါင်းတံတားကို ဖျက်ဆီးတာဖြစ်လိမ့်မယ်”လို့ ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ကြေညာတာ မရှိသေးပါဘူး။  

ဒါနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “ ဒီအချိန်မှာအဖွဲ့ဆိုတာထက် စစ်အာဏာရှင်ကို မကြိုက်တဲ့ ပြည်သူတွေလိုပဲပြောရမယ်ဗျ။ ဒီအာဏာရူးမိစ္ဆာစစ်ကောင်စီတွေကို ပြည်သူအများ မလိုလားကြတော့ ဒီအတိုင်းပဲ လုပ်ကြမှာပဲ” လို့ ပြောပါတယ်။  

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာ ခုလို  ရထားလမ်းကူးတံတား ဖောက်ခွဲဖျက်ဆီးခံရတာ ဒါပထမဆုံးအကြိမ်ဖြစ်ဖြစ်ပါတယ်။

အခုဖျက်ဆီးခံရတဲ့တံတားဟာ သရက်ကောင်းချောင်းကူးတံတားလို့ တရားဝင် အမည်ပေါက်ပေါက်ပေမဲ့ ဒေသအခေါ်ကတော့ သရက်ခေါင်းတံတားလို့ပဲ လူသိများပါတယ်။

1 month Ago
Up