မီးရထားဘူတာဝင်း

September 29, 2020

လွိုင်ကော် မီးရထားဘူတာဝင်းအတွင်း  မီးလောင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ  မီးရထားဘူတာဝင်း အတွင်း ဒီကနေ့မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က  မီးလောင်မှုဖြစ်ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ မြန်မာ့မီးရထား ဝန်ထမ်းလိုင်းခန်းမှာနေထိုင်တဲ့ အမျိုးသမီး ၁ ဦးက ထင်းမီးနဲ့ ဟင်းအိုးတည်ထားရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။ လွိုင်ကော်ခရိုင်နဲ့ မြို့နယ်က မီးသတ်ကား ၆ စီးနဲ့ ရေသယ်ယာဉ်တွေ အပါအဝင် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် ပျဉ်ခင်း၊ သွပ်မိုးထရံကာ တစ်ထပ် ဝန်ထမ်းလိုင်းခန်းနဲ့ အိမ်တွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနဲ့ တရိစ္ဆာန် ထိခိုက်မှုမရှိပါဘူး။ မီးကို ပေါ့ဆစွာအသုံးပြုသူ ဒေါ်ဆယ်တင်ကို အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လွိုင်ကော်မြို့မရဲစခန်းမှူး ကျော်လင်းထွန်းက ပြောပါတယ်။
12 months Ago
Up